သတိုး
၁၂. ၉. ၂၀၂၆
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအသစ်တည်ဆောက်မည့် မြေကွက်နေရာသို့ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါမြေကွက်သည် ဖနွမ်းပင်မြို့၊ ဒန်ကောခရိုင်၊ ချောင်အိရပ်ကွက်တွင် တည်ရှိပြီး ၄၅၅၅၂ စတုရန်းပေရှိကာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ သန်းခန့်ဖြင့် ယခုနှစ် မတ်လ ၃၁ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အမည်ပေါက်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သံရုံးတည်ဆောက်မည့် ခန့်မှန်းကုန်ကျစရိတ်အား ဒေါ်လာ ၆ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ရှင်းလင်းတင်ပြခဲ့သလို သံရုံးတစ်ရုံးတွင် ရှိသင့်ရှိထိုက်သည့် အင်္ဂါရပ်များ ပြည့်စုံအောင် တည်ဆောက်ရန်လည်း နိုင်ငံတော်သမ္မတကြီးက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
