၁၁.၉.၂၀၂၆
Written by Thandar
ပရိသတ်က မပွတ်ကျွတ်လို့ ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ မင်းသမီး ခိုင်သင်းကြည်တို့ ဇနီးမောင်နှံကတော့ လွန်ခဲ့တဲ့ ၂၄ နှစ်ကျော်က မင်္ဂလာဦးတုန်းကရရှိခဲ့တဲ့ လက်ဖွဲ့ငွေနဲ့ ရွှေချပူဇော်ခဲ့တဲ့ဘုရားကို ရွှေထီး၊ ဆလိုက်မီး၊ သင်္ကန်းနဲ့ ဘုရားပလ္လင်တော် ပြန်လည်ပြုပြင်ဖို့ ငွေသားဆက်ကပ်လှူခဲ့ပါတယ်။
“မခိုင်တို့ မင်္ဂလာဦးတုန်းက ရွှေသင်္ကန်း ကပ်လှူပူဇော်ထားတဲ့ ဘုရားမှာ ဆလိုက်မီး၊ သင်္ကန်း၊ ထီးတော်တို့ ကပ်လှူပူဇော်ပါတယ်။ မင်္ဂလာဆောင်မှာ ရခဲ့တဲ့လက်ဖွဲ့ငွေတွေနဲ့ ဘုရားကြီးကို လွန်ခဲ့တဲ့ ၂၄ နှစ်ကျော်က ရွှေချကပ်လှူခဲ့တာပါ။ ဒီနေ့ထိ ရွှေတွေမကွာဘဲ အကောင်းအတိုင်း ပူဇော်ခွင့်ရခဲ့ပါတယ်။ မနေ့က ဆလိုက်မီးမရှိတော့ မှောင်နေတာနဲ့ ဖုန်းမီးလေးထွန်းပြီးဘဲ ပူဇော်ခဲ့ရပေမဲ့ ဒီနေ့တော့ ဘုရားဂေါပကလူကြီးများရဲ့ ကူညီမှုနဲ့ ဆလိုက်မီးထွန်းပြီး ပူဇော်ခွင့်ရခဲ့ပါတယ်ရှင်”လို့ အကယ်ဒမီ ခိုင်သင်းကြည်က ပြောပါတယ်။
အဆိုပါ ပင်းတယမြို့ ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားမှာ ကပ်လှူပူဇော်ခဲ့တဲ့ ရွှေသင်္ကန်းကတော့ ယနေ့ထိတိုင် ရွှေသင်္ကန်းဟာ မကွာဘဲ အကောင်းအတိုင်း ပူဇော်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ သူမကတော့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်နဲ့ ၂၀၀၂ က လက်ထပ်ခဲ့တာဖြစ်ပြီး သမီးလေး စံထိပ်ထားဦးကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု၊ ၂၀၁၄ ခုနှစ်က ကောင်းကျိုးကိုယ်၌ တည်စေမင်းရုပ်ရှင် ဇာတ်ကားကြီးမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူလည်းဖြစ်ပါတယ်။
#ခိုင်သင်းကြည် #KhineThinKyi #မခိုင်လေး #မပွတ်ကျွတ် #ကုသိုလ်တော် #CeleNews #ဘုရားဖူး
#CeleDonation #ပင်းတယရွှေဥမင်သဘာဝလိုဏ်ဂူဘုရား
