နေမိုး
၁၄. ၈. ၂၀၂၆
မိသားစုသုံးဦးအပါအဝင် လူခုနစ်ဦးကို မန္တလေး PDF ခြောက်ဦးက သေနတ်ဖြင့် ပစ်သတ်သဖြင့် ငါးဦး ပွဲချင်းပြီးသေဆုံးမှု စဉ့်ကူးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ သတင်းရရှိသည်။






NUG ဩဇာခံ မန္တလေး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၀ ရက် ည ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးကျေးရွာနေ ဦးထွန်းထွန်းဝင်း(၅၁)နှစ်၏ နေအိမ်သို့ PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အဆိုပါနေအိမ်၌ ရှိနေသူများဖြစ်ကြသည့် ဦးထွန်းထွန်းဝင်း၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဇာခြည်ဝင်း(၄၆)နှစ်၊ ယောက္ခမဖြစ်သူ ဒေါ်ဝင်းမြိုင်(၆၇)နှစ်၊ တစ်ရွာတည်းနေသူများဖြစ်ကြသည့် ဦးရှမ်းလေး(၃၅)နှစ်နှင့် ဦးထွန်းမြင့်အောင်(၃၂)နှစ်တို့ ငါးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးမင်းမင်း(၃၄)နှစ်နှင့် ရှောက်ပင်ရိုးကျေးရွာနေ ကိုဇင်မင်းအောင်(၂၅)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများအား စဉ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။
