၂၁.၈.၂၀၂၆
Written By Thandar
Chin Artists Association ရဲ့ ချင်းအနုပညာရှင်မောင်နှမတွေက “ရေဘေးသင့်ပြည်သူများအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ဝိုင်းဝန်းကူ” ခေါင်းစဉ်နဲ့ရန်ပုံငွေဖျော်ဖြေရေးပွဲကို ဩဂုတ်လ ၂၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ 777 Restaurant မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ ချင်းအနုပညာမောင်နှမတွေနဲ့ 777 စားသောက်ဆိုင်လုပ်ငန်းပေါင်းပြီး လေးမျက်နှာမှာရှိတဲ့ ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲကို လုပ်ခဲ့တာပါ။ ကျွန်တော်တို့ နှစ်ရက်က ဒီမှာဖျော်ဖြေပြီးတော့ နောက်တစ်ရက်တော့ တခြားနေရာမှာလုပ်မှာပါ။ အဓိက ကတော့ ကျွန်တော်တို့ အနုပညာရှင်တွေဆိုပေမဲ့ ကျွန်တော်ကတော့ အဆိုတော်တော့ မဟုတ်ဘူးပေါ့နော်။ ပရိုဂျူဆာ၊ ဒါရိုက်တာ။ နွေဦးကတော့ အဆိုတော်ပေါ့။ အဆိုတော်တွေလည်း အများကြီးပါတယ်။ မင်းသား၊ မင်းသမီးတွေ၊ Miss တွေပါတယ်။ ကျွန် တော်တို့ တတ်ကျွမ်းထားတဲ့ အနုပညာနဲ့ အနုပညာရှင်တွေကတော့ အားရပါးရဖျော်ဖြေကြမယ်။ အဓိကတော့ ကျွန်တော်တတ်စွမ်းထားတဲ့အရာနဲ့ ရေဘေးသင့်ပြည်သူတွေကို အုတ်တစ်ချပ် သဲတစ်ပွင့် ဝိုင်းဝန်းကူ စေချင်လို့ ဒီပွဲကို စီစဉ်ဖြစ်တာပါ။ ရေဘေးသင့်နေရာကို ကြည့်ပြီးတော့ စိတ်မကောင်းလည်း တော်တော်လေးကို ဖြစ်ရပါတယ်”လို့ ဒေါက်တာဆလိုင်းမေပေါ (Producer)က ပြောပါတယ်။
အဆိုပါ ရန်ပုံငွေပွဲကိုတော့ နိုင်ငံကျော် အဆိုတော်ချယ်ရီသင်း၊ အဆိုတော် လားဒင့်ထားရီ၊ Myanmar Star Winner Ephraim ကျော်ဦး၊ သရုပ်ဆောင် ဖီးဖီးမရာ၊ ဒေါက်တာ ဆလိုင်းမေပေါ၊ နွေဦး၊ Chin Artists Association က အနုပညာရှင်များစွာနဲ့ ချင်းအနုပညာရှင်များစွာက တေးသီချင်းတွေကို သီဆိုဖျော်ဖြေပြီး ရေဘေးအတွက် အလှူခံခဲ့ကြပါတယ်။
“မိုးတွေ ရွာနေရင်း အလှူခံပေမယ့် ကံကောင်းချင်တော့ ချင်းတွေထဲကပဲ ကျပ်သိန်း ၂၀ စာပြီးတော့ အဖွင့်မှာ လှမ်းလှူတာရှိတယ်။ ကျွန်တော် ပို့စ် စတင်တော့လေ အဲ့မှာလည်း Kpay ကနေ လာလှူကြတာပေါ့နော်။ ကျပ် သိန်း ၃၀ နီးပါးလောက် ရနေပြီဆိုတော့ ရေဘေးသင့် ပြည်သူတွေအတွက် လှူဖို့ ခွန်အားလည်းဖြစ်တယ်။ အဖက်ဖက်က ဝိုင်းဝန်းကူညီကြတယ်။ မြန်မာပြည်မှာနေထိုင်ကြလူတွေက စိတ်စေတနာအပြည့်ရှိကြတယ် ပီတိဖြစ်တယ်။ မကြာခင်ဆက်လက်လှူဒါန်းသွားမှာပါ”လို့ သူက ဆက်ပြောပါတယ်။
ယနေ့ ဩဂုတ် ၂၁ ရက်မှာ 777 စားသောက်ဆိုင်မှာ ဆက်လက်အလှူခံပြီးတော့ ဩဂုတ်လ ၂၂ ရက်မှာတော့ ရန်ကုန်မြို့ မြေနီကုန်း တံတားအောက်မှာ ခွင့်ပြုချက်ယူပြီး ရေဘေးအတွက် ရန်ပုံငွေဖျော်ဖြေဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ပါဝင်လှူဒါန်းလို့သူတွေအနေနဲ့ KBZ Banking Acc No 𝟏𝟖𝟎𝟓𝟏𝟏𝟎𝟏𝟕𝟎𝟏𝟕𝟐𝟑𝟒𝟎𝟏, K Pay- 09427359223 Daw Nwe Thuzar Htwe နဲ့ လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
#DrSalaiMeipaw #CherryThin #ThaungHlaing #Dalpi #EphraimKyawOo #FieFieMara #LarDintHtarYi #LeLen #Kay #NwayOo #PhoebePhoenix #ChinArtistsAssociation












