၂၀.၈.၂၀၂၆
Written by KL
ရှမ်းပြည်နယ်( တောင်ပိုင်း)၊ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ (ဆွဲကြိုးချ) သေဆုံးမှု သြဂုတ်လ ၁၉ ရက် ညနေ ၆ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၃၄ နှစ်အရွယ် ကိုပန်းစိန်ဆိုသူဖြစ်ပြီး မိသားစုဝင်များ နေအိမ်အောက်ထပ်တွင် ရှိနေစဥ် အိမ်အပေါ်ထပ်ထုပ်တန်း၌ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို အောင်ပန်းနာရေးကူညီမှုအသင်းမှ အသင်းဝင်များက အောင်ပန်းပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ကြိုးဆွဲချသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ် စစ်ဆေးနိုင်ရန် အောင်ပန်းနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဥ်ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
