၂၀.၈.၂၀၂၆
Written By Thandar
ခွန်သာချို ရုပ်ရှင်ထုတ်လုပ်ရေးက အချစ် အလွမ်း ရသစုံပါဝင်တဲ့ “သုံးနားညီ”ဇာတ်လမ်းတွဲ Media Press Show ပွဲ အခမ်းအနားကို သြဂုတ် ၁၉ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ St.John City Mall ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားတွဲကတော့ သုံးနားညီဆိုတဲ့ အချစ်အလွမ်းရသစုံပါဝင်တဲ့ ဇာတ်လို့လည်း ပြောလို့ရပါတယ်။ ကျွန်တော့်အနေနဲ့ ဒီကားမှာ အမျိုးသမီးလေးလက်နဲ့ ဆုံရမှာပါ။ ဝါရင့် အနုပညာရှင်တွေလည်း ပါဝင်ထားကြတဲ့ မမြတ်ကေသီအောင်၊ မာယုသာ၊ အန်တီဝါဝါအောင်၊ ညီမလေး ထက်ထက်ထွန်း စတဲ့သူတွေဆီက ပညာတွေလည်း ရပါတယ်။ ထက်ထက်နဲ့က ပထမဦးဆုံး ဆုံတဲ့ကားလေးပါ။ ချစ်ကြတဲ့ အချစ်တွေကြောင့် မွန်းကြပ်နေတာ မဖြစ်ဘဲ ဇာတ်လေးက တစ်မျိုးလေးပါ။ ကြည့်တဲ့သူတွေအတွက် အချစ်တွေမှာ ခံစားသက်ဝင်မှုတွေ မတူညီတာတွေ တွေ့မြင်ရလိမ့်မယ်လို့ ကြိုပြောချင်ပါတယ်”လို့ သရုပ်ဆောင် ခွန်သာချိုက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ခွန်သာချို၊ ဒါရိုက်တာထူးထူး (ကမ္ဘာကျော်)က သရုပ်ဆောင်တွေဖြစ်တဲ့ ခွန်သာချို၊ ထက်ထက်ထွန်း၊ အကယ်ဒမီမြတ်ကေသီအောင်၊ ခိုင်နိုး၊ မာယုသာ၊ မိုးမြင့်မြတ်စိုး၊ အကယ်ဒမီခင်စိုးပိုင်၊ အကယ်ဒမီခင်မိုမိုအေး၊ အကယ်ဒမီဝါဝါအောင်၊ နေပိုင်၊ မောင်မောင်မျိုးသန့်၊ ကျော်ဇင်ထွဋ်၊ ရော်နီ၊ ချစ်စနိုး၊ ယွန်းခင်ခင်၊ အိမ့်ခြူးပွင့်၊ မိုးမိုး၊ ယမင်းထွန်းသာ စတဲ့ သရုပ်ဆောင်ပေါင်းများစွာနဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။
အပိုင်း ၃၀ ပါ “သုံးနားညီ”ဇာတ်လမ်းတွဲကို မနက်ဖြန်ဩဂုတ်လ ၂၁ ရက်ကစ Fortune TV Channel၊ HeyPlay နဲ့ ခွန်သာချို (YouTube) တို့မှာ ည ၈ နာရီတိုင်း တနင်္လာကနေ သောကြာနေ့အထိ အပတ်စဉ် စတင် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။
“ကိုခွန်က အစတည်းက အရည်အချင်းလည်း ရှိပါတယ်။ ပရိသတ်က မာမီစိန်က ချစ်ကြတာပေါ့။ ကိုကြီး ပရိသတ်ထက် ပရိသတ်တွေနဲ့ မတူညီဘူးပေါ့။ ကိုကြီးက သရုပ်ဆောင်ဖြစ်ချင်လို့ ကြိုးစားနေတဲ့သူမို့ အလုပ်အတူတူ လုပ်ရတာမို့ တွဲဖက်အလုပ်လုပ်ရတာ ကောင်းပါတယ်”လို့ သရုပ်ဆောင် ထက်ထက်ထွန်းက ပြောပါတယ်။
#ခွန်သာချို #ခိုင်နိုး #အကယ်ဒမီမြတ်ကေသီအောင် #မာယုသာ #မိုးမြတ်မြတ်စိုး #KhunTharCho #MyatKayThiAung #MarYuThar #MoeMyintMyatSoe #HtetHtetHtun #သုံးနားညီဇာတ်လမ်းတွဲ #ခွန်ချိုသာရုပ်ရှင်ထုတ်လုပ်ရေး #သုံးနားညီ










