သတိုး
၁၉. ၈. ၂၀၂၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား ရုရှားဖက်ဒရှင်းနိုင်ငံ Plekhanov Russian University of Economics က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းသည်။





ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းသည့်အခမ်းအနားကို ယနေ့ ဩဂုတ် ၁၉ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းက Plekhanov Russian University of Economics ၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတက ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကို လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
