၁၉.၈.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ညောင်ပင်ရွာ၊ အလောင်းဘုရားလမ်း၊ ငါးပိငါးခြောက်စက်မှုဇုန်(၁)ရှိ ငါးခြောက်ရုံတွင် သြဂုတ်လ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့သောမီးလောင်မှုမှာ ငါးခြောက်ကြပ်တိုက်ခန်းတွင် ပန်ကာဖွင့်ထားရာမှ မော်တာအပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း တစ်ထပ် ငါးခြောက်ရုံရှိ ငါးခြောက်ကြပ်တိုက်ခန်းတွင် မီးလောင်မှုစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆယ်မိနစ်ကျော်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် ငါးခြောက်ကြပ်တိုက်ခန်း၊ ငါးခြောက်ပိဿာ ၁၀၀ နှင့် ပန်ကာတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် သုံးစီး၊ ရေသယ်ယာဥ် တစ်စီး သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၂၁ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ငါးခြောက်ကြပ်တိုက်ခန်းမီးလောင်မှုကြောင့် အသက် ၄၃ နှစ်အရွယ် အလုပ်သမားကို သရက်ပင်ချောင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
