၁၈.၈.၂၀၂၆
Written By Thandar
တာဝန်အရ တေးသီချင်းနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ အဆိုတော် ဝိုင်းလေးက “ခွင့်လွှတ်ပေးပြီးသား”အချစ်သီချင်းသစ်ကို ယနေ့ ဩဂုတ်လ ၁၈ ရက်မှာ ပရိသတ်တွေကို လက်ဆောင်ပေးခဲ့ပါတယ်။
“ဝိုင်းလေးရဲ့ သီချင်းနာမည်က “ခွင့်လွှတ်ပေးပြီးသား” တဲ့။ ကိုယ်ချစ်ရတဲ့သူအတွက်ဆို သူချစ်ရတဲ့ တခြားသူတစ်ယောက်နဲ့ ပျော်နေတာလေးကိုပဲ ငေးကြည့်ရင်း ဘာမဆို ခွင့်လွှတ်ပေးနေရတာပုံစံမျိုးလေးပါ။ သိပ်ကိုလိုက်ဖက်တဲ့ မင်းရဲ့ချစ်သူနဲ့ မနာလိုတောင်ဖြစ်ရပါတယ် အချစ်ရယ်ပေါ့နော်။ တကယ်တော့ ကိုယ်ဟာ မင်းအတွက် အမှိုက်လေးတစ်ခုပါပဲ။ အရာရာကို ခွင့်လွှတ်ပေးထားတဲ့ အချစ်သီချင်းလေးပါ” လို့ အဆိုတော် ဝိုင်းလေးက ပြောပါတယ်။
အဆိုပါ တေးသီချင်းကို တေးရေး သော်မိုးစက်က ရေးသားပေးထားပြီး Music နဲ့ Mixing Master ပိုင်းကို Dave Chen က တီးခတ်ထားတယ်လို့ သိရပါတယ်။ ခွင့်လွှတ်ပေးပြီးသား Music Video ကို Flow App, Melo App, Wyne Lay YouTube တို့မှာ တင်ပေးထားတယ်လို့ သိရပါတယ်။
ဝိုင်းလေးကိုတော့ အိပ်မက်ဆုံရာပြိုင်ပွဲကတစ်ဆင့် လူသိများခဲ့တာလည်းဖြစ်ပြီး Miss World Myanmar 2014 အလှမယ်တစ်ဦးလည်းဖြစ်ပါတယ်။
သူမကတော့ ဧရာဝတီတိုင်း လေးမျက်နှာမြို့ ရေဘေးကိုလည်း ကိုယ်တိုင်ကိုယ်ကျသွားရောက် လှူဒါန်းမှုတွေ လုပ်ဆောင်ခဲ့သလို ခွန်အားပေးစကားတွေလည်း ပြောဆိုခဲ့ပါတယ်။
#ဝိုင်းလေး #WyneLay #ခွင့်လွှတ်ပေးပြီးသား #ဝိုင်းလေး #သီချင်းအသစ် #2026 #MyanmarSinger #တာဝန်အရ



