နေမိုး
၁၇. ၈. ၂၀၂၆
စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ မြို့မရဲစခန်းအနီး အလှပြင်ဆိုင်တစ်ခုတွင် ခေါင်းလျှော်နေသည့် အမျိုးသားတစ်ဦးကို တပ်မတော်မှ စစ်ကြောင်းမှူး “စနိုက်ပါဇော်ကြီး” ဟု အမည်တပ်ကာ ပစ်သတ်လိုက်ကြောင်း Myaung Ogre Column (MOC) အဖွဲ့က ယခုဝန်ခံသည်။
ရုပ်သံမြင်ကွင်းနှင့် မြောင် PDF ဝန်ခံချက်အရ ယနေ့ ဩဂုတ် ၁၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မြောင်မြို့မရဲစခန်းနှင့် မီတာ ၁၀၀ ခန့်အကွာရှိ အလှပြင်ဆိုင်တစ်ခု၌ ခေါင်းလျှော်နေသည့် အမျိုးသားကို မြောင် PDF နှစ်ဦးက “စနိုက်ပါဇော်ကြီး” ဟုဆိုကာ သေနတ်ဖြင့် ခြောက်ချက်ခန့် ပစ်သတ်လိုက်ကြခြင်းဖြစ်သည်။
ပစ်ခတ်မှုအတွင်း “စနိုက်ပါဇော်ကြီး” ဟု အမည်တပ်ခံရသူသည် နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီးနောက် ယင်းအသုံးပြုသည့် ဆိုင်ကယ်၊ ဖုန်းနှင့် အသုံးအဆောင်ပစ္စည်းအချို့ကို လုယက်ခဲ့ကြကြောင်းလည်း မြောင် PDF ဝန်ခံချက်အရ သိရသည်။
ပြည်ပပြေးသည့်မီဒီယာများ၏ ဖော်ပြချက်အရ စနိုက်ပါဇော်ကြီးဟု အမည်တပ်ခံရသူကို “စစ်ကောင်စီတပ်ဖွဲ့မှ စနိုက်ပါဇော်ကြီးဟုသာ အမည်တပ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အမည်၊ ရာထူး သိရှိမှုမရှိကြောင်း ဝန်ခံထားသလို MT News အနေဖြင့်လည်း သတ်ဖြတ်ခံရသူမှာ လုံခြုံရေးတပ်ဖွဲ့ဝင် မှန် မမှန် သိရှိရမှုမရှိဘဲ မြောင် PDF ဝန်ခံချက်အရသာ ကျူးလွန်မှုဖြစ်စဥ် ဖော်ပြခြင်းဖြစ်သည်။
