၁၁. ၃. ၂၀၂၃
Written by Nay Aung

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ ဟိုတည်အခန်းတစ်ခုအတွင်း ချစ်သူဖြစ်သူ ထိုင်းနိုင်ငံသားကို ဓားဖြင့်ထိုးသတ်ခဲ့သော ထိုင်းအမျိုးသမီးကို မြန်မာရဲတပ်ဖွဲ့က မတ်လ ၁၀ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

သေဆုံးခဲ့သော ထိုင်းနိုင်ငံသား Mr Ton Aneksap ဆိုသူသည် ၎င်း၏ချစ်သူဖြစ်သူ Ms. Kittiya နှင့်အတူ ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၁ နယ်စပ်တံတားကို ဖြတ်သန်းပြီး တာချီလိတ်မြို့ရှိ ဖျော်ဖြေရေးလုပ်ငန်းတွင် အလုပ်အတူလုပ်ရန်လာရောက်ခဲ့ကာ တာချီလိတ်မြို့ရှိ Wanjiwan ဟိုတယ်တွင် အတူနေထိုင်ခဲ့သည်။ ၎င်းသည် မကြာခဏ အရက်သောက်ပြီး ချစ်သူဖြစ်သော ထိုင်းနိုင်ငံသူကို မကြာခဏရိုက်နှက်လေ့ရှိကြောင်း သိရသည်။

မတ်လ ၉ ရက်နေ့က လူသတ်မှုမဖြစ်ပွားခင် ထိုင်းနိုင်ငံသားသည် ၎င်း၏ချစ်သူဖြစ်သူကို ဓားဖြင့်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ရာ နှစ်ဦးသား ဓားကို လုခဲ့ကြချိန် ထိုင်းနိုင်ငံသား ဝမ်းဗိုက်ကို ဓားဖြင့် ထိုးသတ်သလိုဖြစ်သွားခဲ့ကြောင်း သိရသည်။ အဆိုပါ လူသတ်မှုနှင့်ပတ်သက်ပြီး မြန်မာရဲတပ်ဖွဲ့သည် ထိုင်းမယ်ဆိုင်ခရိုင် Koh Chang ရဲစခန်းမှ ရဲမှူးကြီး Kritkorn Kanjina ထံ အသိပေးအကြောင်းကြားခဲ့ကြောင်း သိရသည်။

သေဆုံးသူ ထိုင်းနိုင်ငံသားသည် ပါးစပ်နှင့် နှာခေါင်းတို့တွင် သွေးများ စီးကျသေဆုံးနေခဲ့ခြင်းဖြစ်ပြီး လူသတ်မှုကျူးလွန်သော ထိုင်းနိုင်ငံသူကို မြန်မာနိုင်ငံဥပဒေများအတိုင်း တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။ မြန်မာရဲတပ်ဖွဲ့သည် သေဆုံးခဲ့သော ထိုင်းနိုင်ငံသား၏ ရုပ်အလောင်းကို မှုခင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများတိုင်း လုပ်ဆောင်ပြီးပါက ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာရဲတပ်ဖွဲ့သည် ထိုင်းအမျိုးသမီးကို တာချီလိတ်မြို့ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်။ သေဆုံးခဲ့သော ထိုင်းနိုင်ငံသားသည် ထိုင်းနိုင်ငံတွင် အသက် ၁၅ နှစ်အရွယ်ရှိသူတစ်ဦးကို လူသတ်မှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရကာ Samut Prakan တရားရုံးက ဖမ်းဝရမ်းထုတ်ခံရသူဖြစ်ကြောင်း၊ ၎င်းသည် အာမခံဖြင့်နေထိုင်ချိန်အတွင်း မြန်မာနိုင်ငံဘက်ခြမ်းသို့ အလုပ်လုပ်ရန် ထွက်ပြေးလာခဲ့သူဖြစ်ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ ထိုင်းရဲတပ်ဖွဲ့သည် သေဆုံးသူအတွက် ဈာပနာအခမ်းနားနှင့် ဘာသာရေးပွဲမျာ းကျင်းပနိုင်ရန်အတွက် မြန်မာရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းသိရသည်။

ref -thairath

Leave a Reply

Your email address will not be published. Required fields are marked *