သက်တံ့
၁၇. ၈. ၂၀၂၆
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မြန်မာ့တပ်မတော်နှင့် အကြမ်းဖက်လက်နက်ကိုင် KNU/KNLA နှင့် PDF ပူးပေါင်းလက်နက်ကိုင်မျာအးကြား ယနေ့ (ဩဂုတ် ၁၇ ရက်) တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ရာ မြန်မာတပ်ဖွဲ့များဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို အပြန်အလှန်ပစ်ခတ်မှုများအတွင်း လက်နက်ကျည်များလည်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထပ်မံကျရောက်ခဲ့သည်။
တိုက်ပွဲများသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ KNU/KNLA တို့ အခြေစိုက်ရာ မင်းလက်ပံနှင့် ဖလူးလေး ကျေးရွာများဝန်းကျင်၌ ဖြစ်ပွားနေခြင်းဖြစ်ပြီး ထိုတိုက်ပွဲများသည် ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ ဘန်းဟွေးမဟာဝေါင်း (Ban Huai Maha Wong) နှင့် ဘန်းမဲကုန်းကဲန် (Ban Mae Kon Ken) ကျေးရွာများ၏ တစ်ဖက်ခြမ်းတွင် ဖြစ်ပွားနေသည်။ ထို့အပြင် ဖို့ဖရ (Phop Phra) မြို့နယ်ရှိ ဘန်းဝါလေး (Ban Wale) ကျေးရွာ၏ တစ်ဖက်ခြမ်းရှိ တီချားလဲ စခန်းဝန်းကျင်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြန်မာတပ်မတော်ဘက်မှ ကရင်အကြမ်းဖက်လက်နက်ကိုင်များ စခန်းချထားသည့် နေရာများကို လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့သလို နှစ်ဖက်စလုံးက လက်နက်ငယ်များဖြင့်လည်း အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။
မင်းလက်ပံကျေးရွာ ဝန်းကျင်တွင် တိုက်ပွဲများ အထူးပြင်းထန်ခဲ့ပြီး မြန်မာတပ်ဖွဲ့များသည် ရှေ့သို့ ထိုးစစ်ဆင်ကာ ကရင်အကြမ်းဖက်များ၏ စခန်းများကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ကြသည်။
တိုက်ပွဲများအတွင်းမှ လွင့်စင်လာသည့် ကျည်များမှာ နယ်စပ်ကို ဖြတ်ကျော်ကာ ဘန်းဟွေးမဟာဝေါင်း ကျေးရွာရှိ နေအိမ်အချို့ကို ထပ်မံထိမှန်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ပေ။ ထိမှန်ခဲ့သည့် နေအိမ်များမှာ ယခင်ကလည်း တစ်ဖက်နိုင်ငံ တိုက်ပွဲများအတွင်း ပစ်ခတ်သည့် ကျည်များ ခေတ္တခဏ ကျရောက်ခဲ့ဖူးသည့် ဧရိယာအတွင်း တည်ရှိသည်။
မြန်မာတပ်ဖွဲ့များသည် ကရင်အကြမ်းဖက်တို့၏စခန်းများကို ဗုံးကြဲတိုက်ခိုက်ရန် လေယာဉ်များကို စေလွှတ်ခဲ့သည့်အပြင် မြေပြင်ရှိ တပ်ဖွဲ့ဝင်များထံ စာနပ်ရိက္ခာနှင့် အခြားထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန် စစ်ဘက်ဆိုင်ရာ လေယာဉ်များကို အသုံးပြုခဲ့ကြောင်း သိရသည်။
Ref : Khaosod
