၁၅.၈.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုတွင် Salmonella Enteritidis ဘက်တီးရီးယားပိုးပါဝင်မှု ဖြစ်နိုင်ခြေကြောင့် ကြက်ဥ ၁၉ သန်းခန့်ကို ပြန်လည်သိမ်းဆည်းခဲ့ပြီးဖြစ်ကြောင်း အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က သြဂုတ်လ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ အကြီးမားဆုံး ကြက်ဥမွေးမြူထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သော Midwest Poultry Services (MPS) က တက္ကဆက်ပြည်နယ်ရှိ ခြံနှစ်ခုတွင် Salmonella Enteritidis ပိုးပါဝင်မှုကိုတွေ့ရှိပြီးနောက် ဇူလိုင်လ ၂၂ ရက်တွင် ကြက်ဥ ၁,၅၈၉,၅၇၇ လုံး ကို စေတနာ့ဝန်ထမ်း ပြန်လည်သိမ်းဆည်းခဲ့ကြောင်း FDA က ပြောကြားခဲ့သည်။

MPS Egg Farms က ၎င်း၏ ဝက်ဘ်ဆိုက်တွင် ကြိုတင်ကာကွယ်မှုအနေဖြင့် ကြက်ဥများကို ပြန်လည်သိမ်းဆည်းခဲ့ပြီး Salmonella ပိုး၏ ဖြစ်နိုင်ခြေရှိသော အရင်းအမြစ်များကို ဖော်ထုတ်ရန် စမ်းသပ်မှု လုပ်ထုံးလုပ်နည်းများကို စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
FDA က ၎င်းသည် အဆင့် ၁ ပြန်လည်သိမ်းဆည်းမှုဖြစ်ကြောင်း သြဂုတ်လ ၁၂ ရက်တွင် ပြောကြားခဲ့ပြီး ပြင်းထန်သောရောဂါ သို့မဟုတ် သေဆုံးနိုင်ခြေကို ညွှန်ပြနေကြောင်းသိရသည်။
ပိုးပါဝင်သော ဥများကိုစားမိပါက စားပြီး ခြောက်နာရီမှ ၇၂ နာရီအတွင်း ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ ဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊ ပျို့အန်ခြင်းနှင့် ခေါင်းကိုက်ခြင်း စသည့် ရောဂါလက္ခဏာများ စတင်လာကာ လေးရက်မှ ခုနှစ်ရက်ထိ ကြာမြင့်တတ်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုတွင် ပြန်လည်သိမ်းဆည်းမည့် ကြက်ဥများနှင့် ပတ်သက်၍ ပြင်းထန်သော ကျန်းမာရေးသတိပေးချက် ထုတ်ပြန်ခဲ့ပြီး၊ ညစ်ညမ်းနိုင်သော ထုတ်ကုန်များနှင့် ထိတွေ့ခြင်းက ပြင်းထန်သော ရောဂါ သို့မဟုတ် သေဆုံးမှုကို ဖြစ်စေနိုင်ကြောင်း FDA က ပြောကြားခဲ့သည်။
ထို့ကြောင့် FDA က စားသုံးသူများသည် ပြန်လည်သိမ်းဆည်းမည့် ဥများကို စွန့်ပစ်ခြင်း သို့မဟုတ် ငွေပြန်အမ်းရန် ပြန်ပို့ခြင်း ပြုသင့်ပြီး စားသောက်ဆိုင်များနှင့် လက်လီရောင်းချသူများက ဥများကို ချက်ပြုတ်ရောင်းချခြင်း လုံးဝမပြုသင့်ကြောင်း အကြံပေးခဲ့သည်။
ဥများကို ဇွန်လ ၆ ရက်မှ ဇူလိုင်လ ၃ ရက်အကြား ထုတ်လုပ်ခဲ့ပြီး တက္ကဆက်၊ အိုကလာဟိုးမား၊ အာကင်ဆာ၊ လူဝီစီယားနား၊ နယူးမက္ကဆီကိုနှင့် မစ္စစ္စပီပြည်နယ်များတွင် ဖြန့်ဖြူးခဲ့သည်။
၎င်းတို့တွင် အဖြူရောင်အခွံဥများနှင့် အညိုရောင်လှောင်အိမ်မဲ့အခွံဥများ နှစ်မျိုးလုံး ပါဝင်ကာအမှတ်တံဆိပ်များစွာဖြင့် ဇူလိုင်လ ၂၀ ရက်မှ သြဂုတ်လ ၁၇ ရက်အထိ ရောင်းချရန်ရက်စွဲများဖြင့် ရောင်းချနေခြင်းဖြစ်သည်။
Ref : DW News

