သက်တံ့
၁၄. ၈. ၂၀၂၆
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၅ မိုင်က DENKO ဖြူး ဆီဆိုင်မှာ ရွှေထည်တွေပါဝင်တဲ့ ရွှေထုပ်တစ်ထုပ် ကောက်ရထားတယ်လို့ DENKO Trading ရဲ့ Facebook ကတစ်ဆင့် ဒီမနက် ဩဂုတ် ၁၄ ရက်မှာ အသိပေး ကြေညာပါတယ်။
“DENKO ဖြူး (အမြန်လမ်း ၁၁၅ မိုင်) ဆီဆိုင်တွင် ရွှေထုပ်တစ်ထုပ်ကောက်ရထားပါသည်။ သက်ဆိုင်ရာ ဆိုင်ခွဲသို့ လာရောက်ဆက်သွယ်ပါရန်။”လို့လည်း အသိပေးချက်မှာ ဖော်ပြထားပါတယ်။
ရွှေထုပ်ကောက်ရထားကြောင်း ကြေညာထားပေမဲ့ လူလိမ်တွေ လိမ်မထုတ်နိုင်အောင် ဒီရွှေထုပ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ၊ ရွှေထုပ်ကျန်ခဲ့တဲ့ ဖြစ်စဥ်တွေတော့ အသေးစိတ်ဖော်ပြထားတာ မရှိဘဲ ပိုင်ရှင်အစစ်မှ သိနိုင်မယ့်အခြေအနေတွေ ထိမ်ချန်ပေးထားတာလည်း တွေ့မြင်ရပါတယ်။
