နေမိုး
၁၃. ၈. ၂၀၂၆
တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့် အေးရွာဂက်စ်ပိုက်လိုင်းစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင် ဒုဗိုလ်တစ်ဦးကို ယနေ့ ချောင်းမြောင်း ပစ်သတ်ပြီး ဆိုင်ကယ်တစ်စီးနှင့် ငွေကြေးများလုယက်နိုင်ခဲ့သည်ဟု တောင်သာ PDF အဖွဲ့ဖြစ်သော TTA PDF (Taung tha People Defense Force) အဖွဲ့က ယခု ဝန်ခံလာသည်။
NUG ဩဇာခံ တောင်သာ PDF အဖွဲ့၏ ကျုးလွန်မှုဖြစ်စဥ်မှာ ယနေ့ ဩဂုတ် ၁၃ ရက် နံနက် ၇ နာရီခန့်တွင် TTA-PDF မှ PDF များသည် ၀ဲလောင်စခန်းသ်ို့ အေးရွာဂက်စ်ပိုက်လိုင်းအထိုင်ဂိတ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ အရပ်၀တ်ဖြင့်သွားလာလှုပ်ရှားနေသည်ဟုသတင်းအရ ကင်းပုန်း၀ပ်စောင့်ဆိုင်းနေစဥ် အေးရွာဂက်စ်ပိုက်လိုင်းအထိုင်ဂိတ်မှ ဆိုင်ကယ်ဖြင့်လာသော အမှတ် (၇၈) ခြေလျင်တပ်ရင်း (ကြည်း) မှ ဒုဗိုလ်မောင်သိန်းဆိုသူအား တားဆီးပြီး အရှင်ဖမ်းရန် ကြိုးစားစဥ်ဒုဗိုလ်မောင်သိန်းမှ လက်ပစ်ဗုံးဖြင့်ထုပြီး ပြန်လည်ခုခံသဖြင့် အသေပစ်ခတ်ခဲ့သည်ဟု ဝန်ခံထားသည်။

ထို့အပြင် ဒုဗိုလ်မောင်သိန်းထံမှ လက်ပစ်ဗုံးတစ်လုံး၊ ငွေသားအချို့နှင့် ဆိုင်ကယ်တစ်စီးအားသိမ်းယူခဲ့ကြောင်းလည်း ဝန်ခံချက်တွင် ဖော်ပြထားသည်။
