၁၂.၈.၂၀၂၆
Written by KL
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အထက် ဇိုင်းဂနိုင်းကြီးကျေးရွာအုပ်စု၊ သာဂလကျေးရွာအနီး တောထဲတွင် အသက် ၆၁ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး ကြိုးဆွဲချ (ဆွဲကြိုးချ) သေဆုံးမှု သြဂုတ်လ ၁၁ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
သေဆုံးသူမှာ ဦးအုန်းတင့်၊ အသက် ၆၁ နှစ်၊ သာဂလကျေးရွာနေသူဖြစ်ပြီး တောထဲတွင် နဘဲပင်ကိုင်းကို အသုံးပြုကာ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားကြီးမှာ အရက်စွဲနေပြီး သြဂုတ်လ ၅ ရက်နေ့ကတည်းက နေအိမ်မှထွက်သွားရာမှ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ပြီး ၆ ရက်အကြာတွင် ကြိုးဆွဲချသေဆုံးနေသော ရုပ်အလောင်းကိုပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
ကြိုးဆွဲချသေဆုံးသူ၏ရုပ်အလောင်းကို ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ကာစစ်ဆေးခဲ့ပြီး ပြင်ပဒဏ်ရာများမရှိကြောင်း သိရသည်။
အမျိုးသားကြီး ကြိုးဆွဲချသေဆုံးမှုနှင့်ပတ်သက်၍ ပဲခူး အမှတ်(၂)နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဥ် ရေးဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း မှန် မမှန် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
