၁၂.၈.၂၀၂၆
Written By Thandar
Mahar Original Series ဖြစ်တဲ့ အိမ်ထောင်ရေး ဟဲဗီးဒရာမာဇာတ်လမ်းပုံစံ “အတ္တစီးချင်း” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးခြင်း အခမ်းအနားကို ယနေ့ ဩဂုတ်လ ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အိမ်တော်ရာစေတီမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်လမ်းတွဲက အတ္တစီးချင်းဆိုတဲ့အတိုင်းမှာ လူတိုင်းမှာ ချမ်းသာသာ၊ ဆင်းရဲရဲပေါ့နော် အတ္တတွေ ရှိကြတယ်။ မိသားစုတွေရဲ့ အိမ်ထောင်ရေးဇာတ်ကိုမှ ဒီအတ္တတွေကို လောဘတွေ၊ မောဟတွေကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေရှိသလို မထင်မှတ်ထားလောက်တဲ့ အကြောင်းအရာလေးတွေပါပါတယ်။ ဇာတ်လမ်းဇာတ်အိမ်က သရုပ်ဆောင်အများကြီးနဲ့ ဆိုတော့ အတ္တတွေမတူညီတာကို တွေ့ရမှာပေါ့။ အတ္တတွေကြောင့် ဘယ်လောက်ပူလောင်ရမလဲဆိုတာ မြင်တွေ့ရမှာပါ”လို့ ဒါရိုက်တာ ကျော်နှင်းဆီက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းကို ညမွှေးပန်း၊ ဇာတ်ညွှန်း သံသာဦး၊ မုဒြာနဲ့ အိစုခိုင်၊ ဇာတ်ညွှန်းမွမ်းမံ လွင်မင်းအံ့
ဒါရိုက်တာ ကျော်နှင်းဆီက လာမယ့် ဩဂုတ်လ ၁၉ ရက်မှာ စတင်ပြီး ရန်ကုန်မြို့မှာ လူတိုင်းရဲ့ အတ္တတွေ ကိုယ်စီရဲ့ လောင်မြိုက်မှုတွေနဲ့ အကောင်းဆုံးပုံဖော်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ မင်းဘုန်းမြတ်၊ ဘုန်းရှိန်ခန့်၊ အကယ်ဒမီမင်းဦး၊ မင်းတော်ဝင်၊ အကယ်ဒမီ မေမြင့်မိုရ်၊ နန်းခင်ဇေယျာ၊ ထွန်းပုလဲရတနာ၊ အကယ်ဒမီမျိုးသန္တာထွန်း၊ အကယ်ဒမီမြတ်ကေသီအောင်၊ နေရည် ဝင်းလဲ့၊ ဟိန်းသစ်စ၊ အာဒံဦး၊ ဘေဘေး၊ ချိုမဒီသွင်၊ ဝာာတာ၊ ပြည့်ပြည့်ဘုန်းမြတ်၊ စိုင်းခန့်ဦးနဲ့ အနုပညာရှင် များစွာ ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။
“ဒီဇာတ်လမ်းလေးက အိမ်ထောင်ရေးမျိုးကိုမှ Actor တွေလည်းများတယ်။ မေ ဒီဇာတ်ကိုဖတ်ထားတာ ၂ နှစ်လောက်ရှိပြီ။ ဒီကြားထဲမှာ မရိုက်ဖြစ်သေးတာပါ။ ခုမှ ပြန်ရိုက်ကူးဖြစ်တာပေါ့။ မေ့ ကာရိုက်တာက ဆရာဝန်မပေါ့။ ကိုယ့်ယောက်ျားက မကောင်းဘူးပေါ့နော်။ ကိုယ့် ယောက်ျားကဆိုးတော့ လိုက်ထိန်းရမှာပါ။ ပရိသတ်တွေ လောင်ရမယ့် ဟဲဗီးဒရာမာဇာတ်ပုံစံလေး မြင်တွေ့ရမှာပါ”လို့ အကယ်ဒမီ မေမြင့်မိုရ်က ပြောပါတယ်။
အပိုင်း ၄၅ ပိုင်းအထိ ပါဝင်မယ့် “အတ္တစီးချင်း” ဇာတ်လမ်းတွဲကိုတော့ မကြာခင်မှာ Mahar Application နဲ့ Mahar Channel ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာလည်းဖြစ်ပါတယ်။
#မင်းဘုန်းမြတ် #မေမြင့်မိုရ် #ဘုန်းရှိန်ခန့် #မင်းဦး #မြတ်ကေသီအောင် #ထွန်းပုလဲရတနာ #MinPhoneMyat #MayMyintMo #MinOo #MyatKayThiAung #HtunPalaYadanar #BayBay #MyoThandarTun #အတ္တစီးချင်းရုပ်သံဇာတ်လမ်းတွဲ #MaharApplication
















