၁၀.၈.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်၊ လုံဂါပါစားသောက်ဆိုင်အနီး ဧရာဝတီမြစ်ကမ်းဘေးတွင် သြဂုတ်လ ၉ ရက် ညနေ ၄ နာရီခန့်က လူငယ်တစ်ဦး ဧရာဝတီမြစ်ထဲ ရေကစားရင်း ရေနစ်သေဆုံးခဲ့ကြောင်း ကယ််ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
ရေနစ်ကာပျောက်ဆုံးနေသော အသက် ၂၀ ခန့်အရွယ် လူငယ်တစ်ဦးကို မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ စက်လှေ(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းရှာဖွေခဲ့ရာ ည ၇ နာရီ ၁၅ မိနစ်တွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ရုပ်လောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်) မှ အဖွဲ့ဝင်များက သူနာတင်ယာဉ်ဖြင့် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
