၈.၈.၂၀၂၆
Written By Thandar
မြန်မာနိုင်ငံရဲ့ Premier League ပွဲစဉ်တွေကို သီးသန့်ထုတ်လွှင့်ခွင့်ရရှိထားတဲ့ CANAL+ Myanmar က ၂၀၂၆-၂၀၂၇ Premier League ပြိုင်ပွဲစဉ်ရာသီတွေကို တစ်ဦးတည်းမူပိုင်ခွင့်နဲ့ ဆက်လက်ထုတ်လွှင့်ပြသမယ့်အကြောင်း ဂုဏ်ပြုသတင်းစာရှင်းလင်းပွဲကို ဩဂုတ်လ ၇ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို ပြည်လမ်းရှိ Novotel Hotel ရှိ Pyay Ballroom မှာ ကျင်းပခဲ့ပါတယ်။
“ကမ္ဘာ့အကျော်ကြားဆုံး ဘောလုံးလိဂ်တွေထဲက တစ်ခုဖြစ်တဲ့ ပရီးမီးယားလိဂ်ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံတွေကို မြန်မာဘောလုံးပရိသတ်တွေဆီ ဆက်လက်တင်ဆက်ပေးနိုင်တဲ့အတွက် အရမ်းဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ပထမဆုံး ပရီးမီးယားလိဂ်ရာသီမှာ ကျွန်တော်တို့ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ဒုတိယအကြိမ်မှာလည်း ကျွန်တော်တို့ CANAL+ Myanmar အနေနဲ့ ပရိသတ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ တင်ဆက်မှုတွေနဲ့ ဆက်လက်ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။ ဒီ ပွဲစဉ်တွေမှာ ကျွန်တော်တို့နဲ့အတူ လက်တွဲပူးပေါင်းပေးကြတဲ့ မိတ်ဖက်ပါတနာတွေ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်” လို့ Canal + Myanmar ရဲ့ CEO Mr. Cyril Le Jeune က ပြောပါတယ်။
အဆိုပါ အခမ်းအနားကို ဒါရိုက်တာ အကယ်ဒမီ ညိုမင်းလွင်၊ နေထွဋ်၊ Alice Ong၊ မှူးသီဟသူ၊ ဒါဒါထက်၊ ကိုထွန်းနေစိုး၊ FG group Canal Plus က တာဝန်ရှိသူတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာဘောလုံးပရိသတ်တွေအတွက် ပွဲစဉ်တွေကို ပိုမိုနီးစပ်စွာ ခံစားနိုင်စေဖို့ အင်္ဂလိပ်ဘာသာ မူရင်း နောက်ခံစကားပြောအပြင် မြန်မာနောက်ခံ စကားပြော (Myanmar Commentary) ရွေးချယ်မှုနဲ့လည်း Premier League ပွဲစဉ်တွေကို တင်ဆက်ပေးခဲ့ပါတယ် ဆက်လက်ပြီးလည်းအကောင်းဆုံး မြန်မာနောက်ခံ စကားပြောနဲ့တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
၂၀၂၆-၂၇ ရာသီမှာတော့ CANAL+ Myanmar မြန်မာ့ပထမဆုံး ဘောလုံးနည်းဗျူဟာ ခွဲခြမ်းစိတ်ဖြာသုံး သပ်ထားတဲ့ အစီအစဉ် “Extra Time” ကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ပွဲစဉ်တိုင်းကို ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေနဲ့ နက်ရှိင်းစွာ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ CANAL+ Myanmar က ၂၀၁၈ ခုနှစ်ကစတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပရိသတ်တွေအတွက် ဖျော်ဖြေရေးအစီအစဉ်တွေ တင်ဆက်ခဲ့သလို ယနေ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း Pay TV ဝန်ဆောင်မှုလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
ဘောလုံးပွဲချစ်မြတ်နိုးတဲ့ မြန်မာပရိသတ်တွေကို အင်္ဂလန်နိုင်ငံက Premier League အသင်းတွေရဲ့ ကွင်းတွေအထိ ခေါ်ဆောင်ပေးသွားမယ့် “Crazy Kikl” အစီအစဉ်၊ ပွဲ Highlights တွေ စတဲ့ ပရီးမီးယားလိဂ်နဲ့ ပိုမိုနီးကပ်စွာ ခံစားကြည့်ရှုနိုင်အောင် အစီအစဉ်တွေလည်းဆက်လက်ပါဝင်မှာဖြစ်ပါတယ်။
#နေထွဋ် #ညိုမင်းလွင် #DaDaHtet #NayHtut #TunNaySoe #CanalPlus #ပွဲခံမယ် #CANALPLUS #PremierLeagueisOnCANALPLUS #PremierLeague #ပရီးမီးယားလိဂ် #ဘောလုံး #CANAL+Myanmar #FootBall











