၂၈.၇.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့ ရွှေပြည်သာယာရပ်ကွက်ရှိ ဒူးတစ်ဝက်ကျော်သာနက်သော လယ်ကွင်းရိုးပြတ်ရေမြောင်းတွင် အမျိုးသမီးကြီးတစ်ဦး ရေနစ်သေဆုံးမှု ယနေ့ ဇူလိုင်လ ၂၈ ရက် နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ရေနစ်သေဆုံးသူမှာ အမှတ်(၃) ရွှေပြည်သာယာရပ်ကွက်တွင် နေထိုင်သော အသက် ၄၃ နှစ်အရွယ် ဒေါ်လှလှဝင်းဖြစ်ပြီး နှာခေါင်းမှအမြုပ်များထွက်ကာ အခြားသော ပြင်ပဒဏ်ရာမတွေ့ရဘဲ ရေနစ်သေဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမျိုးသမီးက သွားရင်လာရင်း ရုတ်တရက် တက်ပြီး (အတက်ရောဂါဖြစ်ပြီး) ရေမြောင်းထဲပြုတ်ကျလို့ ပြန်မထနိုင်ရင်း ရေနစ်ဆုံးသွားတာ ဖြစ်မယ်။ ရေကအနက်ကြီးလည်း မဟုတ်ဘူး”ဟု ဖြစ်စဥ်သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။
ရေနစ်သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကိုကျောက်တန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားပြီး ကျောက်တန်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဥ်ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
