
နေမိုး
၂၈. ၇. ၂၀၂၆
တံတားဦးမြို့နယ်ရှိ ကြက်ခြံတစ်ခြံသို့ရောက်လာသည့် PDF ငါးဦးက ကားတစ်စီး၊ ဆိုင်ကယ်နှစ်စီးနှင့် ဖုန်းနှင့် ငွေများ လုယက်မှုအပြင် ကြက်ခြံအလုပ်သမားအမျိုးသမီးငယ်ကိုပါ သေနတ်ဖြင့် ပစ်သတ်သွားမှု ဇူလိုင် ၂၅ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
NUG ဩဇာခံ မန္တလေး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၅ ရက် နံနက် ၈ နာရီတွင် တံတားဦးမြို့နယ်၊ ကြပ်ပြင်ကျေးရွာအနီးရှိ ကြက်ခြံသို့ PDF ငါးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး အဆိုပါကြက်ခြံရှိ မော်တော်ယာဉ် တစ်စီး၊ ဆိုင်ကယ်နှစ်စီး၊ လက်ကိုင်ဖုန်း သုံးလုံးနှင့် ငွေကျပ်ငါးသိန်းတို့အား လုယက် ယူဆောင်ကာ ကြက်ခြံအလုပ်သမားဖြစ်သူ နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာနေ မယုဝေ (၂၇) နှစ် အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် မယုဝေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။
