၁၆.၇.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ် (၁၉) ရပ်ကွက်၊ နယ်မြေ (၅)၊ ဗိုလ်ချုပ်လမ်းရှိ နှစ်ထပ်နေအိမ်တစ်လုံးတွင် ဇူလိုင်လ ၁၅ ရက် နံနက် ၂ နာရီ ၅၁ မိနစ်ခန့်က ဆိုလာအင်ဗာတာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အသက် ၇၀ အရွယ် အဘွားအိုကို အမှုဖွင့်အရေးယူထားကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
အလျား ၃၂ ပေ၊ အနံ ပေ ၄၀ ရှိ နံကပ်နှစ်ထပ်နေအိမ်တွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး နံကပ်နှစ်ထပ်လူနေအိမ်တစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
နှစ်ထပ်နေအိမ်မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ် ၇ စီးတို့ဖြင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၇ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကြောင့် အသက် ၇၀ အရွယ် ဒေါ်ခင်ဌေးရီကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မြင်းခြံမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။







