

၂၀.၆.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၊ အမှတ်(၆) ရပ်ကွက်တွင် လျှပ်စစ်မိန်းခုံမှ ဝါယာကြိုးများအပူလွန်ကဲ၍ နေအိမ်လေးလုံးမီးလောင်မှု ဇွန်လ၂၀ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း တောင်သာမြို့နယ်စခန်းထံမှ သိရသည်။
၁၇ မိနစ်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် အလျား ပေ ၂၀၊ အနံ ပေ ၂၀ ပတ်လည် သွပ်မိုး၊ထရံကာ၊ မြေစိုက်လူနေအိမ် လေးလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၁ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၂၆ ဦးခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီမထိုးမီ ၂၂ မိနစ်အလိုတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်လေးလုံးမီးလောင်မှုကြောင့် အသက် ၇၉ နှစ်အရွယ် အဘွားအိုကို တောင်သာမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အလားတူ ဇွန်လ ၁၉ ရက် မွန်းလွဲ ၃နာရီခွဲခန့်က မြစ်သားမြို့နယ်၊ မြို့မအနောက်ရပ်ကွက်တွင် လျှပ်စစ်ရေနွေးအိုးကို ရေမရှိဘဲတည်ထားရာမှ အပူလွန်ကဲပြီး အလုပ်ရုံနှင့် သွပ်မိုး၊ ထရံကာ၊ မြေစိုက်လူနေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
