၁၉.၆.၂၀၂၆
Written By Thandar
ရန်ကုန်တိုင်း၊ လှည်းကူးမြို့ အမြန်လမ်း ၁၈ မိုင်တောရဆရာတော်ရဲ့ ဩဝါဒကိုခံယူပြီး အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်တို့က ရှစ်ပါးပရိက္ခရာစုံလင်စွာနဲ့ သားလှရတနာဖြစ်သူ ပြေဓီရကို ရှင်ပြု ရဟန်းခံသာသနာ့ဘောင်ကို သွတ်သွင်းခဲ့ပါတယ်။
“၁၈ မိုင်တောရ ဘုန်းဘုန်းကျောင်းတိုက်မှာ သားသားကို ကိုရင်ဝတ် ကုသိုလ်ပြုခဲ့ပါတယ်”လို့ အကယ်ဒမီ အိန္ဒြာကျော်ဇင်က ပရိသတ်သိအောင် ပြောပါတယ်။
မြတ်ဗုဒ္ဓသာသနာတော်ကြီးအတွက် မွန်မြတ်လှတဲ့ ရှင်ပြုအလှူကုသိုလ်တော်အဖြစ် မိဘတွေနဲ့ သမီးဖြစ်သူ ပြေသုဒြာတို့က ရှစ်ပါးပရိက္ခရာစုံလင်စွာနဲ့ သားဖြစ်သူ ပြေဓီရကို သာသနာ့ဘောင်ကို သွတ်သွင်းလိုက်ပြီးတော့ ၁၈ မိုင်တောရ ကျောင်းတိုက်ရှိ သံဃာတော်တွေ၊ ကိုရင်လေးတွေနဲ့ ဆရာလေးတွေကို ရေချိုးဆပ်ပြာ (၂၀၀) ဘူးနဲ့အတူ နဝကမ္မအလှူငွေတွေကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
#ပြေတီဦး #အိန္ဒြာကျော်ဇင် #ပြေသုဒြာ #ပြေဓီရ #PyayTiOo #EaindraKyawZin #Euwae #PyayThudra #PyayDIYa #18Mile #၁၈မိုင်တောရ #သာသနာ့ဘောင်သွတ်သွင်း #ရဟန်းခံရှင်ပြု









