၁၈.၆.၂၀၂၆
Written By Thandar
ဇွန်လ ၁၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Hexagon Complex မှာကျင်းပခဲ့တဲ့ ခမ်းနားထည်ဝါလှတဲ့ Miss Universe Myanmar 2026 Grand Final ပြိုင်ပွဲကြီးမှာ Winner ဆုနဲ့ Title ဆု (၄)ကို ဘားအံကိုယ်စားပြုအလှမယ် မေဂရေ့စ်က ဆွတ်ခူးရရှိခဲ့ပါတယ်။
“မေ အရမ်းအရမ်းကို ပျော်နေပါတယ်။ တကယ်ဆိုရင် မေ အိပ်မက်လို့တောင် ထင်နေတာပါ။ မယုံနိုင်သေးဘူးလေ။ မေအားလုံး ပြည့်စုံအောင် ပြင်ဆင်သွားပါမယ်။ မေတို့ရဲ့ National Director နဲ့အတူ မေအများကြီး ကြိုးစားသွားပါမယ်”လို့ Miss Universe Myanmar 2026 Winner ဆုရှင် ဘားအံကိုယ်စားပြုအလှမယ် မေဂရေ့စ်ကပြောပါတယ်။
အဆိုပါ ပြိုင်ပွဲမှာ Judge အနေနဲ့ သန္တာလှိုင် Suoer Model, Lpngevity Advocate), Pawee Ventura (The Owner & CEO of Missosology), Natalie Glebova (Miss Universe 2005), Ahtisa Manalo (Miss Universe 2025-3rd Runner Up) Miss Universe Philippines 2025, ထူးအံ့လွင် (Miss Universe Myanmar National Director) စတဲ့သူတွေက ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
Special Award Title ဆုတွေအနေနဲ့ Miss Doctor Luxury Beauty ကို ဘားအံအလှမယ်၊ Best Hairy Healthy By 808 ကို ကျောက်ဖြူအလှမယ်၊ Miss 808 ကို ဘားအံအလှမယ်၊ Miss Luna ကို ဘားအံအလှမယ်၊ Best in Evening Grown ကို ရန်ကုန်အနောက်ပိုင်းအလှမယ်၊ Miss Congeniality ကို ကျောက်ပန်းတောင်းအလှမယ်၊ Best in Swimsuit ကို မြစ်ကြီးနားအလှမယ်၊ Best National Costume ကို ပဲခူးအလှမယ်၊ Miss I’AURA ကို ဘားအံကိုယ်စားပြုအလှမယ်တို့က ရရှိခဲ့ပါတယ်။
ဆက်လက်ပြီး ယှဉ်ပြိုင်ခဲ့ရာ Winner ဆုကို ဘားအံကိုယ်စားပြုအလှမယ် မေရရေ့စ်၊ 1st Runner Up ဆုကို တောင်ငူကိုယ်စားပြု အလှမယ်ဟန်သိမ့်သိမ့်အောင်၊ 2nd Runner Up ဆုကို ရန်ကုန်အနောက်ကိုယ်စားပြုအလှမယ် ကျော်ကျော်အိန္ဒြာ၊ 3rd Runner Up ဆုကို စစ်တွေကိုယ်စားပြုအလှမယ် စောလပြည့်ဝန်း၊ 4th Runner Up ဆုကို ရန်ကုန်တောင်ပိုင်းကိုယ်စားပြုအလှမယ် ရွှေခြူးငုံ၊ 5th Runner Up ဆုကို ပဲခူးကိုယ်စားပြုအလှမယ် ပိုးပန်ဒရာတို့က ရရှိခဲ့ပါတယ်။
#မေဂရေ့စ် #MayGrace #ဟန်သိမ့်သိမ့်အောင် #HanTheintTheintAung #KyawKyawEaindar #ShweChueNgwe #ကျော်ကျော်အိန္ဒြာ #စောလပြည့်ဝန်း #SawLaPyaeWon #Bago #HpaAn #Mandalay #missosologymyanmar
#MissUniverse #missuniversemyanmar #missuniversemyanmar2026 #mum












