ဓာတ်ပုံ - KTYA
◾️ “၅ ဦးထက်မနည်း သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရဟု ဆို”
၁၇.၆.၂၀၂၆
Written By Min Thet
အကြမ်းဖက် AA အခြေချနေသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို တပ်မတော်က ယနေ့ ဇွန်လ ၁၇ ရက် ညနေ ၃ နာရီခန့်အချိန် ဗုံးကြဲရှင်းလင်းခဲ့သောကြောင့် ၅ ဦးထက်မနည်း သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
“AA အနေနဲ့ ရခိုင်ပြည်သူတွေကို လူသားဒိုင်း လုပ်မနေသင့်တော့ဘူး။ သူပုန်လုပ်တာ အရပ်သားတွေနဲ့ဝေးဝေးမှာနေသင့်တယ်။ သူတို့(AA)ကြောင့် ပျက်စီးထိခိုက်မှုတွေ ရှိတာ လူတိုင်းသိနေတာကို။ အခုလို ဗုံးကြဲတဲ့အပေါ် ကျွန်တော်တို့ သဘောထားကိုပြောရရင် AA ရှိလို့ ကြဲခံရတာလို့ပဲပြောချင်တာပေါ့”ဟု ရခိုင်ဒေသခံတစ်ဦးက MT News ကို ပြောသည်။
ဒဏ်ရာရသူများမှာ AA အဖွဲ့နှင့်ဆက်နွယ်ကြသူများ၏ မိသားစုဝင်အချို့ဖြစ်သော်လည်း AA ကမူ အရပ်သားများ ဖြစ်ကြောင်း အမြဲပြောဆိုထုတ်ပြန်လေ့ရှိသည်။
ဓာတ်ပုံ – KTYA


