




၁၂.၆.၂၀၂၆
Written by KL
ကရင်ပြည်နယ်၊ မြဝတီမြိို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဂေါက်ကွင်းရှိ ရေကန်တွင် ရေနစ်သေဆုံးသော ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး၏ ရုပ်အလောင်းကို ယနေ့ ဇွန်လ ၁၂ရက် နံနက် ၁၁ နာရီ မိနစ်၂၀ တွင် ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
ဆယ်ကျော်သက်အရွယ် ယောကျ်ားလေးတစ်ဦးမှာ ဇွန်လ ၁၁ ရက် ညနေ ၅ နာရီ ၅၅ မိနစ်ခန့်က ရေကန်တွင် ရေဆင်းကူးရင်းဆော့ကစားရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေနစ်ပျောက်ဆုံးနေသော လူငယ်ကို ဇွန်လ ၁၁ ရက် ညပိုင်းတွင် မြဝတီမြို့ခရိုင်မီးသတ်စခန်းမှ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊၊ Myanmar Rescue အဖွဲ့၊မွန်မြတ်ဖြူစင် နာရေးကူညီမှုအသင်း၊ Z Rescue လူမှုကူညီရေးအသင်းမှ အသင်းဝင်များက စက်လှေ ၃ စီးဖြင့် ဝိုင်းဝန်းရှာဖွေခဲ့ရာ ယနေ့ ဇွန်လ ၁၂ ရက် နံနက် ၁၁ နာရီ မိနစ်၂၀ တွင် ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူလူငယ်၏ ရုပ်အလောင်းကိုဆယ်ယူ၍ Z Rescue လူမှုကူညီရေး သူနာတင်ယာဉ်ဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
