၉.၆.၂၀၂၆
Written By Thandar
TMW Film Production ထုတ်လုပ်ရေးက Fancy အချစ်ဇာတ်လမ်းပုံစံ “ညိုကီတို့” ရုပ်ရှင်ဇာတ်ကားကြီး 𝐑𝐞𝐝 𝐂𝐚𝐫𝐩𝐞𝐭 𝐒𝐡𝐨𝐰 𝐄𝐯𝐞𝐧𝐭 ပွဲအခမ်းအနားကို ဇွန်လ ၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကိုနေတိုးနဲ့ ကိုမြင့်မြတ်နှစ်ယောက်အတွဲနဲ့ ပထမဆုံး ဆုံရတဲ့ရုပ်ရှင်ပါ။ ဝင့်ဝါက ဒီကားမှာ စန္ဒာဦးဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ထားတာပါ။ အနုပညာရှင်တော်တော်များများသုံးထားလို့ ပရိသတ်တွေ ရယ်မောရမှာပါ။ ဒီကားက ပရိသတ်တွေ တွေ့နေကြမဟုတ်တဲ့ Fancy အချစ်ကားလေးပါ”လို့ အကယ်ဒမီ ခင်ဝင့်ဝါက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း သက်ဦးမောင်၊ ဒါရိုက်တာ ဝင်းလွင်ထက်က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ မြင့်မြတ်၊ ခင်လှိုင်၊ သိန်းလင်းစိုး၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ မယ်လိုဒီ၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ သင်းသဲဗိုလ်၊ ပက်စီစိုး၊ ဧည့်သည်သရုပ်ဆောင် ထူးအောင်၊ ဝါဆိုမိုးဦး၊ အမ်ဆိုင်းလူတို့နဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။
“ညိုကီတို့”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇွန်လ ၁၂ ရက်မှာ စတင်ပြီး မြန်မာတစ်ပြည်လုံးက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#ဒါရိုက်တာဝင်းလွင်ထက် #NayToe #MyintMyat #KhinHlaing #TheinLinSoe #SoeMyatThuzar #Melody #KhinWintWah #ThinThaeBo #PepSiSoe #HtooAung #WarSoMoeOo #MsengLu #ညိုကီတို့ရုပ်ရှင်ဇာတ်ကားကြီး #TMWFilmProduction






