နေမိုး
၈.၆. ၂၀၂၆
NUG ဩဇာခံ မင်းဘူးခရိုင် တပ်ရင်း (၆) မှ PDF တစ်ဦးက တပ်ရင်းပိုင်ငွေများ ခိုးယူထွက်ပြေးသွားသည်ဟု ခိုးယူခံရသည့်တပ်ရင်းက ယနေ့ကြေညာသည်။
မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော PDF နိုင်မင်းခန့် (ခ) A2 ၊ ( အဘ – ဦးကျော်လင်းဦး) သည် မေ ၂၈ ရက်နေ့တွင် တပ်ရင်းပိုင်ငွေတချို့ကို အလွဲသုံးစားပြုလုပ်၍ ယူဆောင်ကာ ထွက်ပြေးသွားသဖြင့် တပ်ရင်းမှ ထုတ်ပယ်လိုက်ပြီး နိုင်မင်းခန့် (ခ) A2 နှင့် ပတ်သက်သည့် မည်သည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကိုမဆို တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်းနှင့် ယင်း PDF ၏ လုပ်ဆောင်ချက်များသည် တပ်ရင်းနှင့် မသက်ဆိုင်ကြောင်းလည်း ဖော်ပြသည်။

ထို့အပြင် PDF နိုင်မင်းခန့် (ခ) A2 အား အမည်ပျက်စာရင်းသွင်းကာ ထိုက်သင့်သည့်ပြစ်မှု၊ ပြစ်ဒဏ်များချမှတ်ရန်အတွက်လည်း ပြင်းထန်စွာ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည် စ်သော ကြောင့် နိုင်မင်းခန့် ပုန်းရှောင်နိုင်ရန် ကူညီပေးသူများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် တပ်ရင်း (၆) က ခြိမ်းခြောက်ထားသည်။
NUG ဩဇာခံ PDF များအနေဖြင့် ပြည်သူများကို သတ်ဖြတ်လုယက်မှု၊ မုဒိမ်းကျင့်မှု၊ ပြန်ပေးဆွဲမှု၊ ပြည်သူ့အလှူငွေ ကိုယ်ကျိုး ခိုးယူသုံးစွဲမှု၊ မူးယစ်ဆေးကုန်ကူးမှု၊ ဆက်ကြေးကောက်မှုများဖြင့် နာမည်ပျက်လာခြင်းနှင့် ရှုံးပွဲဆက်ကာ မြို့များ ၂၀ ကျော် ပြန်အသိမ်းခံရခြင်းကြောင့် PDF ၄၀၀၀ ကျော်က တပ်မတော်ထံ အလင်းဝင်လာခဲ့သလို ထိုသို့ အလင်းဝင် PDF များကို NUG နှင့် PDF အဖွဲ့များက နာမည်ဖျက်ခြင်း၊ မိသားစုပါ သတ်ဖြတ်ဒုက္ခပေးနိုင်ရန် မိဘအမည်နှင့် နေရပ်လိပ်စာဖော်ပြခြင်းများပြုလုပ်နေကြသဖြင့် ပြည်သူလူထု၏ ရှုတ်ချမှုကို ခံနေရသလို ယခုလည်း မင်းဘူးခရိုင် တပ်ရင်း (၆) ထုတ်ပြန်ချက်အောက် Salai JJ Gabriel အကောင့်က “ပြေးပြီဆို သတင်းဖျက်တင်ပြီ”ဟု မှတ်ချက်ပြုထားသည်။

