၈.၆.၂၀၂၆
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အသက် ၇၅ နှစ်အထက် သက်ကြီးအနုပညာရှင်၊ အတတ်ပညာရှင်တွေကို လဆန်းစနေနေ့နဲ့ တနင်္ဂနွေနေ့တို့မှာ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်မှာ ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းနေလျက်ရှိတာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တကယ့်ကို လိုအပ်နေတဲ့ ရုပ်ရှင်လောကသားတွေထဲက အတတ် ပညာရှင်၊ အနုပညာရှင် အသက် ၇၅ နှစ်အထက်တွေကို လဆန်းပိုင်းမှာ ထောက်ပံ့ကြေးတွေကို လှူဒါန်းပေးတာပါ။ အစည်းအရုံးရဲ့ ရန်ပုံငွေတွေထဲက လှူဖြစ်တာပါ။ နာမကျန်းဖြစ်နေတဲ့သူတွေအတွက်ကလည်း တစ်ထောင့်တစ်နေရာက စိတ်ပျော်ရွှင်မှုရတာပေါ့နော်။ တချို့က ကိုယ်တိုင်လာရောက် ထုတ်ယူကြသလို တချို့ ကြတော့လည်း ကျန်းမာရေးမကောင်းလို့ ကိုယ်စားထုတ်ယူကြတဲ့သူတွေလည်း ရှိကြပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောပါတယ်။
အဆိုပါ လှူဒါန်းမှုမှာ အသက် ၉၁ နှစ်ရှိ အကယ်ဒမီဦးအောင်လွင်၊ အသက် ၉၇ နှစ်ရှိ စာရေးဆရာဇာတ်ညွှန်းရေး ဆရာ ဦးချစ်သန်းမြင့်၊ အသက် ၈၃ နှစ်ရှိ တည်းဖြတ်မှတ်တမ်းအလွှာမှ ဦးထွန်းကျော်၊ ကျန်းမာရေးမကောင်းတဲ့ ကာတွန်း ညီမော်လင်းကိုယ်စား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထောက်ပံ့ငွေပေးအပ်လှူဒါန်းခဲ့တာလည်းဖြစ်ပြီး တချို့ကိုတစ်ဆင့် ပို့ဆောင်ပေးတာလည်းရှိတယ်လို့ သိရပါတယ်။
#အနုပညာရှင် #အတတ်ပညာရှင် #အသက်၇၅နှစ်အထက် #ထောက်ပံ့ကြေး #မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက် #ဇာတ်ညွှန်းဦးချစ်သန်းမြင့် #UChitThanMyint #UAungLwin #ဦးအောင်လွင် #MMPA #UAyeKyuLay #UKyiSoeTun





