၇.၆.၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဝါးတိုးရပ်ကွက်ကြီး၊ သီလာ (၃) ရပ်ကွက်၊ ချယ်ရီလမ်းရှိ လူနေအိမ်တစ်လုံးတွင် အမျိုးသမီးကြီးတစ်ဦး ရေချိုးခန်း၌ ဓာတ်ဆီလောင်း၍ မီးရှို့သေဆုံးမှု ယနေ့ ဇွန်လ ၇ ရက် နံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၅၁ နှစ်အရွယ် ဒေါ်ဥမ္မာဝင်းဆိုသူဖြစ်ပြီး ရေချိုးခန်းအတွင်း၌ မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်း၍ မီးရှို့သဖြင့် နေရာတွင်ပင်သေဆုံးခဲ့သည်ဟု ကနဦးသတင်းများက ဆိုသည်။
သေဆုံးသူအမျိုးသမီးကြီးကို ရွှေသင်းနာရေးကူညီမှုအသင်းမှ အသင်းဝင်များက အသင်းပိုင်ယာဥ်ဖြင့် ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အမျိုးသမီးကြီး ဓာတ်ဆီလောင်းကာ မီးရှို့သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးမှုဟုတ်မဟုတ် ရမည်းသင်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဥ် ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
