April 28, 2024

MT News

Written by Nay Moe

ချင်းဒေသခံ Local PDF အဖွဲ့ဖြစ်သည့် CDF-Mara အား NUG ၏ ဩဇာခံ MCTA နှင့် ယင်း၏ လက်နက်ကိုင်အဖွဲ့ MDF က နှစ်ကြိမ်တိတိပစ်ခတ်တိုက်ခိုက်ပြီးဖြစ်သဖြင့် ထပ်မံတိုက်ခိုက်ပါက ထဲထဲဝင်ဝင်ပါဝင်ဖြေရှင်းမည်ဖြစ်ကြောင်း ZZLMS ညီနောင်ငါးဖွဲ့က အောက်တိုဘာ ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

Chinland Defence Force (CDF-Mara) အပေါ် MATC (မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ) ၏ MDF (မရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့)က ရည်ရွယ်ချက်ရှိရှိဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းလုပ်ရပ်အပေါ် CDF-Zotung, CDF-Zophei, CDF-Lautu, CDF-Mara နှင့် CDF-Senthang တို့ပါဝင်သော ZZLMS ညီနောင်ငါးဖွဲ့က သတိပေးချက်ထုတ်ပြန်ရာတွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃ ရက်နေ့က CDF- Mara ဌာနချုပ်မှ တပ်မဟာ (၂)၊ အမှတ် (၃) တပ်ရင်းသို့ လက်နက်မပါဘဲ (အရပ်ဝတ်ဖြင့်) ပြန်လာကြသော CDF – Mara တပ်သားများကို MDF မှ ရည်ရွယ်ချက်ရှိရှိ ချောင်းမြောင်းပစ်ခတ်ခြင်းခံခဲ့ကြရသည့် အကြောင်းကို မြေပြင်သတင်းရင်းမြစ်များအရ သိရပါသဖြင့် ZZLMS အနေဖြင့် လွန်စွာမှ စိတ်မကောင်းဖြစ်ရသည်။ MDF သည်အကြမ်းဖက်စစ်ကောင်စီကို မတော်လှန်ဘဲ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသော CDF – Mara အပေါ် ပစ်ခတ်တိုက်ခိုက်ခြင်းကို ၂၀၂၂ ခုနှစ်၊ မတ် ၂၅ ရက်တွင် တစ်ကြိမ်၊ အောက်တိုဘာ ၃ ရက်တွင် တစ်ကြိမ်၊ နှစ်ကြိမ်တိုင် ကျူးလွန်ပြီးဖြစ်သောကြောင့် နောက်ထပ်ကျူးလွန်မှုရှိပါက ZZLMS အနေဖြင့် ထဲထဲဝင်ဝင် ပါဝင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်ဟု ထုတ်ပြန်ခဲ့သည်။

ပြည်သူများကို လုယက်တိုက်ခိုက်နေသည်ဟုဆိုကာ CDF-Mara နှင့် NUG ၏ လက်အောက်ခံ MATC-MDF ချင်း PDF နှစ်ဖွဲ့အကြား စွပ်စွဲတိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပွားနေကြောင်း အဆိုပါ ချင်း PDF နှစ်ဖွဲ့၏ အပြန်အလှန်ထုတ်ပြန်ချက်များအရ သိရပြီး လက်ရှိဖြစ်စဥ်များအပေါ် CDF-Mara နှင့် NUG ၏ လက်အောက်ခံ MATC-MDF ချင်း PDF နှစ်ဖွဲ့ကို ဆက်သွယ်မေးမြန်းသော်လည်း ယနေ့အချိန်အထိ တုံပြန်ဖြေဆိုမှုမရှိသေးချေ။

NUG ၏ လက်အောက်ခံအဖြစ် ရောက်မလာသော LPDF များအား တိုက်ခိုက်သုတ်သင်ရန် NUG က ညွှန်ကြားထားသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် NUG ၏ ဩဇာခံ PDF အဖွဲ့အစည်းများနှင့် ပကဖအဖွဲ့တို့က LPDF အဖွဲ့များကို လိုက်လံတိုက်ခိုက်နေကြပြီး အဆိုပါဖြစ်စဥ်များအပေါ် NUG မှ ဦးရည်မွန်က PDF၊ ပကဖ နှင့် LPDF များ ညီညွတ်ကြရန် ပြောဆိုသည်မှအပ LPDF များကို လိုက်လံတိုက်ခိုက်နေသော ၎င်းတို့ NUG ၏ ဩဇာခံ PDF များနှင့် ပကဖများကို အရေးယူမှုမပြုကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *