၇. ၁၀. ၂၀၂၂

Written by Tha Doe

COVID-19 ကူးစက်ခံရသူ ၃၇၆ ဦးရှိပြီး ထပ်မံသေဆုံးသူ နှစ်ဦးတိုးလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန် ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၆ ရက် ည ၈ နာရီမှ အောက်တိုဘာ ၇ ရက် ည နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၂,၂၀၁ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၃၇၆ ဦး တွေ့ရှိရသည်။

ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ၃.၀၈ ရာခိုင်နှုန်း ရှိခဲ့သည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၉,၁၅၄,၁၀၁ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၂၅,၈၇၃ ဦး ရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြား ထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၂၉၁ ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅၉၉,၈၈၈ ဦး ရှိပြီဖြစ်သည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ ၂ ဦးရှိသဖြင့် သေဆုံးသူ စုစုပေါင်း ၁၉,၄၆၆ ဦး ရှိလာနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *