၅.၆.၂၀၂၆
Written by KL
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမပင်လယ်ကွေ့အနီးရှိ လက်ပံကျွန်းကျေးရွာတွင် သံလွင်မြစ်ကမ်းပါးပြိုမှုကြောင့် ကမ်းအနီးရှိ လူနေအိမ် ရှစ်လုံးကို ပြောင်းရွှေ့ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ပြောင်းရွှေ့ခဲ့ရသော လူနေအိမ် ရှစ်လုံးမှာ မြစ်ကမ်းနှင့်နီးသော နေအိမ်များဖြစ်ပြီး ကမ်းပါးများပြိုကျနေသဖြင့် နေအိမ်များ ပြိုကျမှုတွင် မပါဝင်စေရန်အတွက် ကြိုတင်ရွှေ့ပြောင်းရခြင်းဖြစ်ကြောင်း သိရသည်။
နေအိမ်များရွှေ့ပြောင်းမှုကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့၏ အစီအမံများဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နေထိုင်သူများကို ၎င်းတို့၏ ဆွေမျိုးများနေအိမ်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လက်ပံကျွန်းကျေးရွာသည် နှစ်စဥ် မိုးရာသီကာလများ၌ သံလွင်မြစ်ရေမြင့်တက်မှု၊ ရေတိုက်စားမှုတို့ကြောင့် မြစ်ကမ်းပါးပြိုကျမှုများဖြစ်ပွားလျက်ရှိပြီး ယခုနှစ်တွင် နေအိမ်များ ပထမဦးဆုံးရွှေ့ပြောင်းရခြင်းဖြစ်ကြောင်း သိရသည်။
