၅.၆.၂၀၂၆
Written By Thandar
ကြည်နူးလွမ်းဆွတ်ဖွယ် အချစ်ဇာတ်လမ်းပုံစံ “လက်တွဲဖော်” ဇာတ်လမ်းတွဲကို ကိုယ်တိုင်ရိုက်ကူးနေရင်း နောက်ဆုံးပိုင်းမှာ ငိုခဲ့ရတဲ့အထိဖြစ်ခဲ့ရတယ်လို့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ဖွင့်ဟလာပါတယ်။
“ကိုယ် အရမ်းရိုက်ချင်တဲ့ မနဲ့မောင် အချစ်ဇာတ်လမ်းလေးကို မအေးကြည်သာကိုရေးခိုင်းပြီး မဗိုလ်နဲ့ ရှိန်းကိုလည်း ရိုက်ပေးရမယ်နော်ဆိုပြီး တည်တာပါ။ တစ်ခါမှ ကိုယ့်ဇာတ်ကားကိုယ် ရိုက်ရင်းနဲ့ မငိုဖူးဘူး။ ဒီကားမှာတော့ နောက်ဆုံးအပိုင်းမှာ ငိုတာဆိုတာ ဘေးကလူတွေလည်း အကုန်ငိုခဲ့ကြရတာပါ။ ကိုယ်ကြိုက်တဲ့ Romance ကိုမှ Melo Drama လေးပါ။ တကယ်တော့ မနဲ့မောင် အချစ်ဇာတ်လမ်းလေးမိုးအေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရမှာပါ” လို့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း အေးကြည်သာဟန်၊ ဒါရိုက်တာ ပွင့်သိင်္ဂီဇော် (အာရုဏ်ဦး) က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ရှိန်းတင်ထူး၊ သူရိယ၊ ရဲလွင်ဦး၊ အကယ်ဒမီရတနာဗိုလ်၊ နှင်းယု၊ Mဆိုင်းလူ၊ အခရာ၊ အကယ်ဒမီဝါဝါအောင်၊ ဂွမ်းပုံကြီး၊ ဝါဝါမေမောင်၊ အောင်တိုး၊ ကိုဇော်၊ အိမြတ်၊ မင်းသိဒ္ဓိအောင်၊ အောင်မျိုးမြတ်၊ သွန်းမဟေသီ၊ ဩသုမာန်၊ ကလေးသရုပ်ဆောင် မင်းသွေးလျှံ အနုပညာရှင်များစွာပါဝင်ထားကြပါတယ်။
“ဒီဇာတ်လမ်းတွဲလေးက ချစ်သူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာနဲ့ ကြည်နူးစရာလေးတွေလည်း ပါသလို လွမ်းမောဖွယ် အချစ်ဇာတ်လမ်းလေးလည်း ဖြစ်တယ်။ ဗိုလ်ရဲ့ဇာတ်လမ်းတွဲလေးတွေ မထွက်တာ မရိုက်ဖြစ်တာလည်း နှစ်ချီရှိပြီပေါ့နော်။ အခု ဗိုလ့်ရဲ့ ဇာတ်လမ်းတွဲလေးတွေ မျှော်နေတဲ့ ချစ်ရတဲ့သူတို့အတွက် ကျေနပ်စေမယ့် ဇာတ်ကားလေးပါ။ မျှော်ရကျိုးနပ်မှာပါ”လို့ အကယ်ဒမီ ရတနာဗိုလ်က ပြောပါတယ်။
“လက်တွဲဖော်”ဇာတ်လမ်းတွဲကို လာမယ့် ဇွန်လ ၈ ရက်က စတင်ပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ည ၇ နာရီအချိန်တိုင်းမှာ MRTV-4 ရုပ်သံလိုင်းနဲ့ Hey Play Application တို့မှာ ထုတ်လွှင့် ပြသမှာလည်းဖြစ်ပါတယ်။
#ရှိန်းတင်ထူး #သူရိယ #ရဲလွင်ဦး #ဒါရိုက်တာပွင့်သိင်္ဂီဇော် #အကယ်ဒမီရတနာဗိုလ် #နှင်းယု #Mဆိုင်းလူ #SheinTinHtoo #ThuRiYa #YeLwinOo #YadanarBo #HninYu #MSengLu #PwintTheingiZaw #လက်တွဲဖော် #MRTV-4 #HEYPlayApp





