၄.၆.၂၀၂၆
Written By Thandar
ပရိသတ်ကြီးငယ်မရွေး အားပေးမှုအခိုင် အမာရရှိထားတဲ့ ဇာတ်မင်းသားလေး သရုပ်ဆောင် အောင်ဇမ္ဗူက မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)ရဲ့ ဒုတိယအကြိမ်သဘင် ညီလာခံနဲ့သဘင်သက်ကြီးပူဇော်ပွဲ ကျင်းပနိုင်ရေးအတွက် အလှူငွေ ကျပ်သိန်း ၅၀ ပါဝင်လှူဒါန်းခဲ့လို့ အောင်ဇမ္ဗူ Fan တွေကပါ အပြိုင်အဆိုင် အလှူငွေတွေ ပါဝင်လှူဒါန်းလာခဲ့ကြပါတယ်။
“အောင်ဇမ္ဗူဇာတ်သဘင်နှင့် အတူ သဘင်ကိုချစ်ပေးကြသည့် ချစ်ရတဲ့မိသားစုများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ”လို့ သရုပ်ဆောင် အောင်ဇမ္ဗူက ပြောပါတယ်။
သူဟာ မိုးတွင်းကာလ သဘင်နယ်လှည့်ဖျော်ဖြေရေးတွေ နားနေပေမယ့် မကြာခင် ဇွန်လ ၉ ရက်နဲ့ ၁၀ ရက်တို့မှာ ကျင်းပမယ့် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံမှာ သဘင် သက်ကြီးပူဇော်ပွဲ ရန်ပုံငွေ ဖျော်ဖြေပွဲ ကျင်းပမှာဖြစ်ပါတယ်။
အဆိုပါ ဖျော်ဖြေပွဲမှာတော့ နာမည်ကြီး သဘင်လောကပညာရှင်တွေဖြစ်တဲ့ ဖိုးချစ်၊ တင်မောင်ဆန်းမင်းဝင်း၊ စွမ်း၊ စမ်းရေမိုးစတဲ့သူတွေ ပါဝင် ကပြဖျော်ဖြေမှာဖြစ်ပြီး လက်ရှိမှာ သက်ကြီးပူဇော်ပွဲအတွက် သဘင်လောကသားတွေအပြင် အောင်ဇမ္ဗူရဲ့ Fan တွေက ပြည်တွင်းပြည်ပ အရပ်ရပ်က ပါဝင်လှူဒါန်းနေကြလျှက်ရှိပါတယ်။
အောင်ဇမ္ဗူကကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေဖြစ်တဲ့ အငြိုးအတေး၊ အသိုက်ကလေး၊ ကံဆက်ကန်ဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင် ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။
#အောင်ဇမ္ဗူ #AungZabu #သဘင်သက်ကြီးပူဇော်ပွဲ #သဘင်ညီလာခံ #MyanmarDonation #AungZabuDonation #AungZabuFanDonation #မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟို
