၃.၆.၂၀၂၆
Written By Thandar
SZ Film Production ရဲ့ ပွဲဦးထွက် မိသားစု ဒရာမာဇာတ်လမ်းပုံစံ “ဖိုးကောက်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဇွန်လ ၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ဒီဖိုးကောက်ဇာတ်ကားရဲ့ ဇာတ်ကောင်ကာရိုက်တာနဲ့ ပါဝင်ခွင့်ရတယ်။ ခုနောက်ပိုင်း ကျွန်တော့်အနေနဲ့ ကာရိုက်တာတွေ မတူအောင် ရိုက်ဖြစ်တာလေးတွေ များတယ်။ ကြည့်ရှုသူ ပရိသတ်ကို ရသပိုင်းရော၊ ဗဟုသုတရော၊ Message ပိုင်းရော အစစအရာရာပြည့်စုံတဲ့ ကားမျိုးဖြစ်ဖို့ ဦးစားပေးရိုက်ဖြစ်ပါတယ်။ ဖိုးကောက်ရဲ့ ဇာတ်ကားက ဝတ္ထုမောင်စိတ္တ၊ ဒါရိုက်တာ မယ်မင်းဘုံတို့က လူတွေရဲ့ လိမ်လည်လှည့်ဖြားမှုတွေရဲ့ အကျိုးဆက်တွေကို ပညာပေးအနေနဲ့ ပုံဖော်ထားပါတယ်”လို့ အကယ်ဒမီ နေတိုးက MT Entertainment ကိုပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း မောင်စိတ္တ၊ D.O.P အာကာတိုး၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ မယ်မင်းဘုံက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီနေတိုး၊ အကယ်ဒမီနေမျိုးအောင်၊ ညီနန္ဒ၊ ရှိန်းတင်ထူး၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ လင်းဇာနည်ဇော်၊ ဧည့်သည်သရုပ်ဆောင် ကိုစိန်ထူး၊ ဆုအိမ့်စံနဲ့ အနုပညာရှင်များစွာပါဝင်ထားကြပါတယ်။
“ဖိုးကောက်”ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၅ ရက်နေ့မှာ မြန်မာတစ်ပြည်လုံး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
#နေတိုး #နေမျိုးအောင် #ခင်ဝင့်ဝါ #NayToe #NayMyoAung #NyiNanda #ShaneTinHtoo #Mintayza #KhinWintWah #LinZarNiZaw #HsuEaintSan #ဖိုးကောက်ရုပ်ရှင်ဇာတ်ကားကြီး #ဖိုးကောက် #SZfilmproduction











