MT News
၂. ၆. ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို တရားဝင်ခရီးစဥ်ရောက်ရှိနေရာ ယမန်နေ့ ဇွန်လ ၁ ရက်တွင် အိန္ဒိယသမ္မတ၊ အိန္ဒိယဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယနေ့ ဇွန် ၂ ရက်နံနက်ပိုင်းတွင် နယူးဒေလီမြို့၊ Palam လေတပ်စခန်းမှတစ်ဆင့် အထူးလေယာဥ်ဖြင့် မွမ်ဘိုင်းမြိုသို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။
မွမ်ဘိုင်းမြို့သို့ ထွက်ခွာသွားသော နိုင်ငံတော်သမ္မတအား နယူးဒေလီမြို့၊ Palam လေတပ်စခန်းတွင် အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတိုမှတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ဦးမင်းအောင်လှိုင်၏ မွမ်ဘိုင်းမြို့ခရီးစဥ် ယနေ့ ဇွန်လ ၂ ရက်နှင့် မနက်ဖြန်အတွင်း မဟာရဋ္ဌပြည်နယ် (Maharashtra) ဝန်ကြီးချုပ်၊ အုပ်ချုပ်ရေးမှူးတို့နှင့် တွေ့ဆုံရန်နှင့် အခြားစီးပွားရေးကဏ္ဍ ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားသည်ဟုလည်း အိန္ဒိယသတင်းဌာန NDTV က ဖော်ပြထားသည်။





