၂.၆.၂၀၂၆
Written By Thandar
ကောင်းရုပ်ရှင်ထုတ်လုပ်ရေးက သရဲဟာသဇာတ်လမ်းပုံစံ “ခြောက်ခြောက်ကြမ်းကြမ်း”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဇွန်လ ၁ရက် ညနေပိုင်းက ရန်ကုန်မြို့ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ခြောက်ခြောက်ကြမ်းကြမ်းဇာတ်ကားမှာ ငုဝါဆိုတဲ့ သရဲမလေးနေရာက ပါဝင်ထားပါတယ်။ သိုင်းသမားလည်း မကြောက်၊ လာသမျှအကုန်ခြောက်တဲ့ သရဲပေါ့နော်။ ဟာသကားလေးဆိုတော့ အကုန်လုံး ပျော်ရွှင်ရယ်မောရမှာပါ” လို့ အကယ်ဒမီ ချောရတနာက ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒီဒီထက်အောင်၊ ဒါရိုက်တာ ပြည့်ဖြိုးနိုင်(PPN)က သရုပ်ဆောင်တွေဖြစ်တဲ့ လွှမ်းပိုင်၊ ရဲရင့်အောင်၊ တိုင်ရွန်၊ ထူးအောင်၊ နေထူးနိုင်၊ ခင်လှိုင်၊ နေ့သစ်အေးအောင်၊ အကယ်ဒမီ ချောရတနာ၊ ယုသန္တာတင်၊ အကယ်ဒမီ ရတနာဗိုလ်၊ လင်းလင်း၊ မန်ဒီ၊ ဧည့်သည်သရုပ်ဆောင် ရဲလွင်ဦးနဲ့ အနုပညာရှင်များစွာနဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။
“ခြောက်ခြောက်ကြမ်းကြမ်း” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇွန်လ ၅ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#လွှမ်းပိုင် #ရဲရင့်အောင် #တိုင်ရွန် #ထူးအောင် #နေထူးနိုင် #ခင်လှိုင် #နေ့သစ်အေးအောင် #ချောရတနာ #HlwanPaing #YeYintAung #TyronBejay #HtooAung #ခြောက်ခြောက်ကြမ်းကြမ်း #ယုသန္တာတင် #ရတနာဗိုလ် #လင်းလင်း #ကောင်းရုပ်ရှင်ထုတ်လုပ်ရေး









