





MT News
၁. ၆. ၂၀၂၆
အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt. Droupadi Murmuတိုသည် ယနေ့ ဇွန် ၁ ရက်တွင် အိန္ဒိယနိုင်ငံ သမ္မတအိမ်တော် (Rashtapati Bhavan ) ၌ တွေ့ဆုံကာ နှစ်နိုင်ငံအကျိုးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယသမ္မတနိုင်ငံ သမ္မတ H.E. Smt. Droupadi Murmu မှ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် အိန္ဒိယဝန်ကြီးချုပ် ရှရီ နာရင်ဒရာ မိုဒီနှင့် တွေ့ဆုံဆွေးနွေးမှုပြုခဲ့ပြီးနောက် အိန္ဒိယသမ္မတနှင့်ပါ ဆက်လက် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်
