၃၀.၅.၂၀၂၆
Written By Thandar
Alince Animated Artistry Flim Production က ရိုက်ကူးထုတ်လုပ်တဲ့ အချစ်နဲ့အမုန်းကြားက သင်ခန်းစာတွေ၊ မကောင်းမှုရဲ့အကျိုးဆက်တွေနဲ့ ပရလောကဝိညာဥ်တွေရဲ့အကြောင်း စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းပုံစံ”အိမ်နံပါတ် ၆၆၆” ဇာတ်လမ်းတွဲ Press Show ပွဲအခမ်းအနားကို မေလ၂၉ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ Myawaddy Media Center မှာကျင်းပခဲ့ပါတယ်။
“အိမ်နံပါတ် ၆၆၆ ဇာတ်လမ်းတွဲမှာ ညီမက သာယာပျော်ရွင်သော အိမ်ထောင်ရေးတစ်ခုကိုပိုင်ဆိုင်ထားတဲ့ စာရေးဆရာတစ်ယောက်ရဲ့ဇနီး မေသော် ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ အမှောင့်ပယောဂတွေကြုံလာချိန်မှာ ကိုဟင်နရီစံက လာရှင်းလင်းပေးတာပေါ့နော်။ တကယ့်ဖြစ်ရပ်ကို အခြေခံပြီးရိုက်ထားတဲ့ ဇာတ်လေးပါ။ ညီမ ခုနောက်ပိုင်းမှာတော့ ရိုက်တဲ့ကားတွေက ကာရိုက်တာတွေက တူမှာမဟုတ်ပါဘူး။ ပရိသတ်တွေ မြင်နေကြမဟုတ်တဲ့ ကာရိုက်တာတွေ ရိုက်ဖြစ်နေတာမို့ အားပေးကြပါဦးလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ရှင်မင်းဆက်က ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းကို Alince (the witch)က ရေးဖွဲ့ထားပြီး ယွန်းသခင်က ဇာတ်ညွှန်းဇာတ်အိမ် ပြန်လည်တည်ဆောက်ထားကာ ဒါရိုက်တာ Alince (the witch)က တာဝန်ယူ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
သရုပ်ဆောင်တွေအဖြစ် ဟင်နရီစံ၊ ရဲမွန်၊ ရှင်မင်းဆက်၊ မေခွန်အား၊ မေသော်ချစ်၊ ပန်းအင်ကြင်း၊ ဦးဝင်းမြိုင်၊ အကယ်ဒမီ ခင်မို့မို့အေး၊ အကယ်ဒမီ ဝါဝါအောင်၊ ဆန်းသစ်ဟိန်း၊ ထက်လင်း၊ အေးမြတ်နိုးနဲ့ သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားကြောင်း သိရပါတယ်။
အပိုင်း ၁၆ ပိုင်းပါဝင်တဲ့ “အိမ်နံပါတ် ၆၆၆” ဇာတ်လမ်းတွဲကို လာမယ့် ဇွန်လ ၆ ရက်နေ့ ည ၈ နာရီခွဲမှာ အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တိုင်း Fortune TV ရုပ်သံလိုင်းကနေ ထုတ်လွှင့်မှာဖြစ်ပါတယ်။
#ဟင်နရီစံ #ရဲမွန် #ရှင်မင်းဆက် #မေခွန်အား #မေသော်ချစ် #ပန်းအင်ကြင်း #အကယ်ဒမီဝါဝါအောင် #အကယ်ဒမီခင်မို့မို့အေး #Behappy #FortuneTV #အိမ်နံပါတ်၆၆၆ #HomeNo666 #ShinMinSet #HenrySan




