MT News
၃၀. ၅. ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ မေလ (၃၀) ရက်နေ့ မနက် (၈) နာရီတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှတစ်ဆင့် အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့ရာ အိန္ဒိယနိုင်ငံ၊ ဂါယာအပြည်ပြည်ဆိုင်ရာလေဆိပ်အရောက် လေယာဥ်ဆင်းသက်ချိန်တွင် အိန္ဒိယအစိုးရအဖွဲ့ တာဝန်ရှိသူများက နိုင်ငံ့ခေါင်းဆောင်များကို ကြိုဆိုသည့် အစဥ်အလာအတိုင်း ကောဇောနီခင်း၍ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုခဲ့ကြောင်း သိရသည်။






နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါသွားခဲ့ကြပြီး ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတနှင့်တွေ့ဆုံခြင်း၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့် ဇွန် ၁ ရက်တွင် တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးခြင်းများပြုလုပ်သွားမည်ဖြစ်သည်။
