နေမိုး
၂၈. ၅. ၂၀၂၆
NUG ဩဇာခံ မင်းကင်းမြို့နယ် ပသုံးလုံးအဖွဲ့တွေ ပစ်ခတ် ဖမ်းဆီးထားတဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ စံတင်ထွန်းကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ NUG ကို ထောက်ခံတဲ့ အဖွဲ့ ၁၆ ဖွဲ့က ဒီနေ့မှာ ထုတ်ပြန် တောင်းဆို လာပါတယ်။



စံတင်ထွန်းကို ပစ်ခတ် ဖမ်းဆီးတာနဲ့ ပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်မှုဖြစ်စဉ်အပေါ် ပြတ်ပြတ်သားသားရှုတ်ချတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားသလို ပြန်လွှတ်မပေးရင် NUG ကို ကာကွယ်ပေးတော့မှာမဟုတ်ဘူးလို့လည်း ခြိမ်းခြောက်ထားပါတယ်။
ဒါ့အပြင် SRF ဥက္ကဋ္ဌ စံတင်ထွန်း အပါအဝင် ဖမ်းဆီးထားတဲ့ SRF တပ်ဖွဲ့ဝင် ၂၀ ခန့်ကို အသက်
အန္တရာယ်လုံခြုံရေးအတွက် အပြည့်အဝတာဝန်ယူပြီး ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့၊ လုံခြုံရေးအာမခံချက်ကို ဖောက်ဖျက်ပြီး ပြည်သူတွေကိုပါ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ မင်းကင်း ပကဖ အဖွဲ့ဝင်တွေနဲ့ ပတ်သက်ဆက်နွှယ်သူတွေကို NUG အနေနဲ့ တရားဥပဒေအရ ထိရောက်စွာ စစ်ဆေးဖော်ထုတ် အရေးယူပေးဖို့ကိုလည်း အဲ့ဒီ ၁၆ ဖွဲ့က တိုက်တွန်းထားပါတယ်။
