၂၈.၅.၂၀၂၆.
Translated by Htwe Ko Tun
နယူးယော့ခ်တိုင်းမ် သတင်းစာ (The New York Times) က ကိုးကားဖော်ပြခဲ့သော စစ်တမ်းတစ်ခုတွင် အမေရိကန်ပြည်သူအများစုက အီရန်စစ်ပွဲကို အဆုံးသတ်ရန် ထောက်ခံကြပြီး အမေရိကန်၏ နောက်ထပ်တိုက်ခိုက်မှုများက အီရန်၏ နျူကလီးယားအစီအစဉ်ကို ရပ်တန့်နိုင်လိမ့်မည်ဆိုသည်ကို သံသယရှိကြကြောင်း ဖော်ပြခဲ့သည်။
အမေရိကန်အစိုးရသည် နျူကလီးယားသဘောတူညီချက်တစ်ခု မရရှိလျှင်ပင် အမေရိကန်ထက်ဝက်ကျော်က အီရန်နှင့်စစ်ပွဲကို အဆုံးသတ်ရန် ထောက်ခံကြောင်း နယူးယော့ခ်တိုင်းမ်က ကိုးကား ဖော်ပြထားသော စစ်တမ်းအရ သိရသည်။ စစ်တမ်းတွင် ဖြေဆိုသူ ၅၂ ရာခိုင်နှုန်းက ထို ရပ်တည်ချက်ကို ထောက်ခံကြောင်း တွေ့ရှိခဲ့သည်။


ထို့ပြင် စစ်တမ်းက အမေရိကန်ပြည်သူတို့အနေဖြင့် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခြင်း၏ အလားအလာအပေါ်တွင်လည်း သံသယပို၍ရှိလာကြကြောင်း ဖော်ပြခဲ့သည်။ စစ်တမ်းကောက်ယူခံရသူ များ၏ အလားတူရာခိုင်နှုန်းခန့်ကပင် နောက်ထပ်တိုက်ခိုက်မှုများက အီရန်၏ နျူကလီးယားအစီအစဉ် ကို ရပ်တန့်နိုင်မည်မဟုတ်ဟု ပြောကြားခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ဆွေးနွေးပွဲများ ပျက်ပြားသွားပါက စစ်ပွဲပြန်လည်စတင်ရန် စစ်တမ်းဖြေကြားသူ ၃၇ ရာခိုင်နှုန်းက ထောက်ခံမည်ဟု ပြောကြားခဲ့သည်။ သို့သော် အမေရိကန်ပြည်သူများက ထိုကဲ့သို့သော ဆောင်ရွက်မှုလမ်းကြောင်းပေါ်တွင် အောင်မြင်မှုရနိုင်မည်ကိုမှု ယုံကြည်မှု အနည်းငယ်သာ ရှိကြကြောင်း သိရသည်။ စစ်တမ်းဖြေဆိုသူများ၏ ၂၂ ရာခိုင်နှုန်းက သာ အီရန်၏ နျူကလီးယား အစီအစဉ်ကို ဖယ်ရှားရာတွင် စစ်ရေးနည်းလမ်းဆောင်ရွက်မှုက အလွန်အောင်မြင်နိုင်သည်ဟု ယုံကြည်ကြသည်။
စစ်တမ်းဖြေဆိုသူအများစုကလည်း စစ်ရေးလှုပ်ရှားဆောင်ရွက်မှုက ရရှိသောအကျိုးကျေးဇူးများနှင့် ကာမိနိုင်မည်ဆိုသည့်အချက်အပေါ် သံသယရှိကြသည်။ ကုန်ကျစရိတ်တန်ဖိုးကို စစ်တမ်းကောက်ယူမှုအရ အီရန်နှင့် စစ်ပွဲဆင်နွှဲခြင်းသည် ရလဒ်များနှင့် နှိုင်းယှဉ်ပါက ကုန်ကျစရိတ်များကို ကာမိစေမည် မဟုတ်ဟု ဖြေဆိုသူ ၅၅ ရာခိုင်နှုန်းက ယုံကြည်ကြပြီး ၆၄ ရာခိုင်နှုန်း ကမူ အမေရိကန် ခေါင်းဆောင်ပိုင်း၏ စစ်ပွဲစတင်ရန် ဆုံးဖြတ်ချက်ကို အမှားတစ်ခုအဖြစ် ဖော်ပြခဲ့ကြသည်။
Ref- Military Watch
