MT News
၂၈. ၅. ၂၀၂၆
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့တွင် အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုလုပ်ကာ ဗီဒီယိုရိုက်ကူးခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နေ မ…၊ (၁၀/၂၀၂၆)နှစ် သည် အိမ်ချင်းကပ်လျက်ရှိသည့် ရွှေနဒီ ရွှေနှင့် စာရေးကိရိယာအရောင်းဆိုင်မှ ပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းလွင်ဦး(ခ)ကိုလေး (၆၁)နှစ် (ဘ)ဦးမြကျော် ပန်းတိမ်ဆရာ အမှတ် (၅) ရပ်ကွက် လယ်ဝေးမြို့နေသူနှင့် ခင်မင်ရင်းနှီးခဲ့ပြီး ဆိုင်သို့ မကြာခဏသွားရောက်ဆော့ကစားလေ့ရှိကြောင်း၊ ၂၀၂၃ ခုနှစ် ရက်၊ လမမှတ်မိ (အခင်းဖြစ်စဥ် ၇ နှစ်အရွယ်) တွင် ဦးဝင်းလွင်ဦး(ခ)ကိုလေးသည် မှန်ကောင်တာနောက်ရှိ ထိုင်ခုံပေါ်တွင်ထိုင်၍ ၎င်းအား ပေါင်ပေါ်တွင်ထိုင်စေပြီး ပွေ့ဖက်ခြင်း၊ လိင်အင်္ဂါအားကိုင်တွယ်ခြင်းများ ပြုလုပ်ခဲ့ပြီး ထိုသို့ ပြုလုပ်နေစဉ် ဦးဝင်းလွင်ဦး(ခ)ကိုလေးက ၎င်းအား ဖုန်းပေးကိုင်၍ ဂိမ်းဆော့စေခိုင်းထားကြောင်း သိရသည်။
နောက်တစ်နေ့တွင် ဦးဝင်းလွင်ဦး(ခ)ကိုလေးက ဆိုင်ပိုင်ရှင်များ မရှိသည့်အချိန်တွင် အိမ်အပေါ်ထပ်ရှိ ဘုရားခန်းသို့ခေါ်ဆောင်၍ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ကာ ဗီဒီယိုရိုက်ကူးခဲ့ကြောင်း၊ ဦးဝင်းလွင်ဦး(ခ)ကိုလေးက အဆိုပါဗီဒီယိုများအား Kolay 147147@ gmail.com Google Drive တွင် သိမ်းဆည်းထားရှိခဲ့ကြောင်း စိစစ်သိရှိရသဖြင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (နေပြည် တော်)မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ လယ်ဝေးမြို့မရဲစခန်း (ပ)၅၂/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မေ ၂၅ ရက်တွင် လယ်ဝေးခရိုင်တရားရုံးမှ တရားခံဦးဝင်းလွင်ဦး(ခ)ကိုလေးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
