





၂၄.၅.၂၀၂၆
Written by KL
ပျဥ်းမနားမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ညောင်ပင်သာမီးပွိုင့်အနီးတွင် ညာဘက်ယာဥ်ကြောမှ ဂငယ်ကွေ့ကွေ့လာသော ၁၂ ဘီးကားကို ဆေးရုံဆင်းလူနာလာရောက်ခေါ်ဆောင်သည့် ကိုယ်ပိုင်ယာဥ်တိုက်မိရာမှ အမျိုးသမီးတစ်ဦးသေဆုံးပြီး ရဟန်းတစ်ပါး အပါအဝင် လေးဦးဒဏ်ရာရမှု မေလ ၂၂ ရက် ညနေ ၃ နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မိုးစေတနာပရဟိတအသင်းထံမှ သိရသည်။
ယာဥ်တိုက်မှုကြောင့် ကိုယ်ပိုင်ယာဥ်ပေါ်မှ သံဃာ ၁ ပါး၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ခုတင် (၂၀၀) ပြည်သူ့ဆေးရုံနှင့် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံတို့သို့ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာရ အမျိုးသမီးတစ်ဦးမှာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လူနာတွေက ရေတာရှည်မြို့ကပါ။ ဆေးရုံဆင်းလူနာကို လာခေါ်ပေးရင်း လမ်းမှာဖြစ်တာ”ဟု ကယ်ဆယ်ရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။
ဒဏ်ရာရလူနာများကို မွန်မြတ်သူပရဟိတအသင်း၊ ဗြဟ္မစိုရ်ပရဟိအသင်း၊ ကရုဏာမြင့်မိုရ်ပရဟိတအသင်း၊ မိုးစေတနာပရဟိတအသင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်း ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
