၂၀.၅.၂၀၂၆
Translated by Htwe Ko Tun
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဂျပန်နိုင်ငံ၏ သံတမန်အဖွဲ့နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ ဂျပန်စားသောက်ဆိုင်တစ်ဆိုင်တွင် မေလ ၁၉ ရက်က ဖြစ်ပွားခဲ့သော ဂျပန်နိုင်ငံသားနှစ်ဦး ဓားနှင့်ထိုးခံရမှုအတွက် တရုတ်အစိုးရအနေဖြင့် အမှု၏ အချက်အလက်များကို ဖော်ပြပြီး ရှင်းလင်းချက်ပေးရန်နှင့် သံသယရှိသူကို ပြင်းထန်စွာ အပြစ်ပေးရန် တောင်းဆိုခဲ့ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မီနိုရူ ကီဟာရာက ပြောကြားခဲ့သည်။
ဖြစ်ရပ်က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၊ ပူတုံခရိုင်ရှိ ရုံးအဆောက်အအုံတစ်ခုတွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်တစ်ဆိုင်တွင် ဓားကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးက မေလ ၁၉ ရက်ညက ဓားဖြင့် အန္တရာယ်ပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ၎င်းတို့၏ အခြေအနေများကို မသိရသေးပေ။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ဒဏ်ရာရသူများအနက် နှစ်ဦးမှာ ဂျပန်အမျိုးသားများဖြစ်ပြီး တစ်ဦးမှာ တရုတ်အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရဲများက အသက် ၅၉ နှစ်အရွယ် သံသယရှိသူတစ်ဦးကို ဖမ်းဆီးမိထားသည်။ တိုသူက စစ်ဆေးချက်များကို ပြန်လည်ဖြေကြားခဲ့သော်လည်း အဓိပ္ပာယ်မရှိဟု ၎င်းတို့က ပြောသည်။
ဒေသခံရဲတပ်ဖွဲ့သတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါအမျိုးသားက စိတ်ရောဂါရာဇဝင်ရှိပြီး မရေမရာသည် ဖော်ပြချက်များ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ဓားထိုးမှုများဖြစ်ပွားသော စားသောက်ဆိုင်က ဂျပန်စားသောက်ဆိုင်တစ်ဆိုင် ဖြစ်ကြောင်းလည်း သိရသည်။ ရှန်ဟိုင်းရှိ ဂျပန်ကောင်စစ်ဝန်ရုံးချုပ်မှ အရာရှိများသည် ဖြစ်ရပ်နှင့် ဒဏ်ရာပမာဏအကြောင်း အချက်အလက်များကို စုဆောင်းနေကြကြောင်း သိရသည်။
Ref-NHK, Japan Times
