၂၀.၅.၂၀၂၆
Written By Thandar
Channel 7 ရုပ်သံဇာတ်လမ်းနဲ့ TooTo TV တို့ ပူးပေါင်းတင်ဆက်ထုတ်လွှင့်ပြသမယ့် “သို့ မောင်” ဇာတ်လမ်းတွဲနဲ့ “ရန်သူနှင့်တူသော ချစ်ဇနီး” ဇာတ်လမ်းတွဲတို့ မိတ်ဆက်ပွဲအခမ်းအနားကို မေလ ၁၉ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Zealax Hotel မှာ ကျင်းပခဲ့ပါတယ်။
“သို့ မောင် ဇာတ်လမ်းတွဲမှာ ကျွန်တော်က သော်ဇင်လင်းမောင်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားက မထင်မှတ်ထားတဲ့ ဇာတ်အလှည့်အပြောင်းလေးတွေလည်းပါတယ်။ ချစ်ခြင်းမေတ္တာဟာ စူးနင့်နေအောင် ချစ်မိသွားပြီဆိုရင် အနက်အရှိုင်းဆုံး တစ်ထောင့်တစ်နေရာမှာ ရှိနေတတ်တာလေးကို အချစ်ဒရာမာဇာတ်လမ်းပုံစံမို့ ထုတ်လွှင့်ရင်လည်း ပရိသတ်တွေ အားပေးကြပါဦးလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ဇော်ရှိုင်းထက်က ပြောပါတယ်။
“သို့ မောင် ‘Dear Maung’ ဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို မေချိုက ရေးညွှန်းထားပြီး ဒါရိုက်တာ မင်းစနေက တာဝန်ယူ ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအဖြစ် ဇော်ရှိုင်းထက်၊ မေသူချို၊ ခင်ကျော့ရှင်း၊ ထင်လင်းအောင်၊ မြင့်မိုရ်မဟေသီ၊ ဟန်ဆက်လူ၊ ကိုဇော်၊ မအိ၊ သူရဟိန်း၊ သီဟအောင်၊ အောင်သင်္ခ၊ ဝင်းမြတ်မြတ်ဖြိုး၊ နာနား၊ ဆည်းဆာနေခြည်၊ ယွန်းယွန်း၊ ယွန်းစုဖြိုး၊ မေသူမိုး၊ ဝတီ၊ မီမီသန်း၊ ပြည့်ပြည့်ရွှန်းလဲ့ဝေ၊ ချိုချိုလွင်၊ ဘုဏ်းနေခေတ်တို့ ပါဝင်ထားကြပါတယ်။
အိမ်ထောင်ရေးဇာတ်လမ်းပုံစံ “ရန်သူနှင့်တူသော ချစ်ဇနီး” ဇာတ်လမ်းတွဲမှာပါဝင်ထားကြတဲ့ ဒါရိုက်တာ ကျော်နှင်းဆီ၊ သရုပ်ဆောင်တွေဖြစ်တဲ့ သံသာမိုးသိမ့်၊ ဘေဘီမောင်၊ ချယ်ချယ် စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
အပိုင်း ၁၆ ပိုင်းပါဝင်တဲ့ “သို့ မောင်”ဇာတ်လမ်းတွဲကို မေလ ၂၅ ရက်မှာ Channel 7 နဲ့ TooToTV ကနေ ထုတ်လွှင့်ပေးမှာဖြစ်ပြီး မကြာခင်မှာ ရန်သူနဲ့တူသောချစ်ဇနီးကိုလည်း ဆက်လက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
#ဇော်ရှိုင်းထက် #မေသူချို #သံသာမိုးသိမ့် #ဘေဘီမောင် #အောင်ရေချမ်း #သို့မောင် #ZawShineHtet #MayThuCho #ThanTharMoeTheint #DearMaung #ရန်သူနဲ့တူသောချစ်ဇနီး #TooToTVApplication










