၁၉.၅.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမြို့၏ အကြီးဆုံးဗလီတွင် မေလ ၁၈ ရက်နံနက်က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လုံခြုံရေးအစောင့်တစ်ဦး အပါအဝင် လူသုံးဦး သေဆုံးခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ အမည်ထုတ်ဖော်မပြောသည့် သေဆုံးခဲ့ရသော လုံခြုံရေးအစောင့်ကို သူရဲကောင်းတစ်ဦးဟု သတ်မှတ်ရမည်ဖြစ်ပြီး ၎င်းက ပစ်ခတ်မှုတွင်အခြားသူများ၏ အသက်များကို ကယ်တင်နိုင်ခဲ့သည်ဟု ဆန်ဒီယေဂို ရဲချုပ် စကော့ဝါးလ်က ပြောကြားခဲ့သည်။
ပစ်ခတ်သူသေနတ်သမားများဟု သံသယရှိရသူဆယ်ကျော်သက်နှစ်ဦးကိုလည်း အခင်းဖြစ်ပွားရာနေရာ အနီးရှိ ကားတစ်စီးတွင် မိမိကိုယ်ကိုယ်မိမိ သေနတ်ဖြင့်ပစ်ခတ်သည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ လက်နက်တစ်ခုတွင် အမုန်းစကားများ ရေးထွင်းထားကြောင်း အရာရှိများက CNN သို့ ပြောကြားခဲ့သည်။
ဆယ်ကျော်သက် သံသယရှိသူနှစ်ဦးကို ဆန်ဒီယေဂို၏ အစ္စလာမ်စင်တာအနီးရှိ ကားတစ်စီးတွင် မိမိကိုယ်ကိုယ်မိမိ သေနတ်ဖြင့်ပစ်ခတ်သည့် ဒဏ်ရာများဖြင့် သေဆုံးနေပုံရကြောင်းကိုလည်း ဝါးလ်က ပြောကြားခဲ့သည်။ ရဲများက ပစ်ခတ်မှုကို အမုန်းတရားဆိုင်ရာ ရာဇဝတ်မှုအဖြစ် တက်ကြွစွာ စုံစမ်းစစ်ဆေးနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
သံသယရှိရသူတစ်ဦးက ၎င်းတို့၏မိဘများ၏အိမ်မှ လက်နက်သုံးလက်ကို ယူဆောင်သွားကြောင်း ထို့နောက် လက်နက်တစ်ခုတွင် အမုန်းစကားများ ရေးထွင်းထားကြောင်း စုံစမ်းသိရှိရသည်ဟု ဝါးလ်က CNN သို့ ပြောကြားခဲ့သည်။ ဥပဒေစိုးမိုးရေးအရာရှိများစွာ၏ အဆိုအရလည်း အရာရှိများသည် လူမျိုးစွဲမာနနှင့် ပတ်သက်သည့် စာများပါရှိသော မိမိကိုယ်ကိုယ်သတ်သေမှုမှတ်စုတစ်ခုကိုလည်း တွေ့ရှိခဲ့ကြရကြောင်း သိရသည်။
Ref- CNN


