၁၅.၅.၂၀၂၆
Written By Thandar
Bo Bo Film Production နဲ့ Mahar Application တို့ပူးပေါင်းတင်ဆက်မယ့် “မီးကိုနမ်းတဲ့ ပန်းပွင့်များ” ဇာတ်လမ်းတွဲမှာ တကယ့်ကို ရှုပ်ရှုပ်ပွေပွေနဲ့ မိန်းကလေး ၄ ယောက်ကြား ဗျာများရတဲ့ပုံစံ ပါဝင်ထားပါတယ်လို့ အကယ်ဒမီ နေဝင်းက ဆိုပါတယ်။
“မီးကိုနမ်းတဲ့ပန်းပွင့်များ” ဇာတ်လမ်းတွဲကြီးက Mahar မှာ ကျွန်တော်ရဲ့ ပထမဦးဆုံးရိုက်ကူးတဲ့ ဇာတ်လမ်းတွဲပါ။ ဒီဇာတ်လမ်းတွဲထဲမှာတော့ မိန်းကလေး (၄)ယောက်ကြား ဗျာများနေရတဲ့ ကာရိုက်တာမျိုးကို သရုပ်ဆောင်ထားတယ်။ ဒီကားလေးရဲ့ ကာရိုက်တာက အရင်ရိုက်ဖူးတဲ့ပုံစံမျိုးမဟုတ်ဘဲ နည်းနည်းရှုပ်ရှုပ်ပွေပွေပုံစံ မရိုက်ဖူးသေးဘူး။ ရှုပ်ရှုပ်ပွေပွေတယ်ဆိုပေမယ့် ရှုပ်ပွေရတဲ့ အကြောင်းအရာလေး ရှိတယ်ပေါ့နော်။ ကျွန်တော့် ဒီကားလေး Mahar က ထုတ်လွှင့်ရင် ပရိသတ်တွေ ဘယ်လို လောင်မြိုက်စေမလဲဆိုတာ ကြည့်ရှုအားပေးကြပါဦးလို့ပြောချင်ပါတယ်”လို့ အကယ်ဒမီ နေဝင်းက ပြောပါတယ်။
အဆိုပါဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မယ်ခိုင်၊ ရိုက်ကွင်းဇာတ်ညွှန်း တုထက်နောင်၊ သန့်ထင် ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ နေဝင်း၊ ခြူးလေး၊ ခြူးစစ်ဟန်၊ ဥဩသံသာ၊ Bay Bay၊ ခွန်းည၊ မျိုးကိုကျော်၊ ထူးနိုင်လင်း၊ ဂူဂူး၊ ကိုင်၊ ပိုင်အိမ်ခ၊ ဧည့်သည်သရုပ်ဆောင် တေဇလင်းရောင်၊ ကလေး သရုပ်ဆောင်တွေဖြစ်တဲ့ သံလွင်ဟိန်းတေဇ၊ နဒီထက်မွန်ထွန်းနဲ့ အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
“ခြူးလေးကတော့ ဒီဇာတ်ကားထဲမှာ ဒေစီနန်းဆက်ဆိုတဲ့ အိမ်ထောင်သည် ကောင်မလေး တစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်”လို့ သရုပ်ဆောင် ခြူးလေးကပြောပါတယ်။
“မီးကိုနမ်းတဲ့ပန်းပွင့်များ” ဇာတ်လမ်းတွဲကိုတော့ လာမယ့် မေလ ၁၈ ရက်မှာ Mahar Application, Mahar Movie Channel ရုပ်သံလိုင်းက ညနေ ၆ နာရီတိုင်းမှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။
#အကယ်ဒမီနေဝင်း #အကယ်ဒမီခြူးလေး #ခြူးစစ်ဟန် #ဥသြသံသာ #ဘေဘေး #NayWin #ခွန်းည #မျိုးကိုကျော် #ထူးနိုင်လင်း #ယံမြတ် #အောင်လွင်မိုး #ကိုင် #ပိုင်အိမ်ခ #တေဇလင်းရောင် #မီးကိုနမ်းတဲ့ပန်းပွင့်များ #𝑴𝒂𝒉𝒂𝒓𝑨𝒑𝒑𝒍𝒊𝒄𝒂𝒕𝒊𝒐𝒏
